Powered by Blogger.

ဂရစ်ဇ်မန်းရဲ့ ဖုန်းကြော်ငြာအသစ်မှာ “ဟိုဆေး” ဆိုတဲ့ နာမည်နဲ့ ဖုန်းကောလ်ဝင်လာခဲ့



အန်တိုနီဂရစ်ဇ်မန်ဟာ လက်ရှိကလပ် အက်သလက်တီကိုကနေ မန်ယူပြောင်းရွှေတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် အတည်ပြုလိုက်တဲ့ အရိပ်အမြွက်ဗီဒီယိုတစ်ခု ထွက်လာခဲ့ပါတယ်။

အသက် ၂၆နှစ်အရွယ် တိုက်စစ်မှူးဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ သုံးရာသီအတွင်းမှာ ၈၃ဂိုးသွင်းယူခဲ့တာကြောင့် ဒီနွေအပြောင်းအရွှေ့မှာ သရဲနီတွေက ခေါ်ယူလိုနေတာပါ။

တိုက်စစ်မှူးကို မန်နေဂျာဖြစ်သူ ဟိုဆေးမော်ရင်ဟိုက လာမယ့်ရာသီမှာ မန်ယူတိုက်စစ်ကို ဖြည့်တင်းဖို့အတွက် အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို သတင်းတွေ ထွက်နေတဲ့အချိန်မှာ တရုတ်ဖုန်းကုမ္ပဏီ Huawei ရဲ့ P10 စမတ်ဖုန်းသစ်ကို ပြင်သစ်စူပစတာနဲ့ ကြော်ငြာခဲ့ရမှာ ကြော်ငြာထဲမှာ ‘Jose’ ဆိုတဲ့ နာမည်နဲ့ ဖုန်းကောလ်တစ်ခု ဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူဖန်တွေကို စိတ်ခုစေခဲ့တာကတော့ ဒီဖုန်းကောလ်ကို ဂရစ်ဇ်မန်းက မဖြေကြားပဲ ဖုန်းချပစ်လိုက်တာပါ။ ဒါပေမယ့် ဂရစ်ဇ်မန်းက ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းဖို့ရှိမရှိဆိုတဲ့ မေးခွန်းအပေါ် “ဖြစ်နိုင်ပါတယ်၊ ကျွန်တော်ဒီအပေါ် ၁၀မှာ ၆လောက် ပေးချင်ပါတယ်” လို့ ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

  Brucee

 #sport.thithtoolwin.com

 Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment