Powered by Blogger.

လိုအပ်နေတဲ့တိုက်စစ်နေရာအတွက် လူကာကူကိုသာ မော်ရင်ဟိုဝယ်ယူဖွယ်ရှိနေ


မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ နည်းပြဟိုဆေးမော်ရင်ဟိုဟာနွေရာသီမှာ ယူနိုက်တက်အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့ ဝါရင့်တိုက်စစ်မူး ဇလာတန်အီဘရာမိုဗစ်နေရာမှာ အစားထိုးဖို့ အဲဗာတန်အသင်းရဲ့ တိုက်စစ်မူးလူကာကူကို ပစ်မှတ်ထားလာတယ်လို့ သိရှိရပါတယ်။ ဇလာတန်ဟာ ယူနိုက်တက်အသင်းနဲ့ ပထမရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၈ဂိုး ထိ သွင်းယူခြေစွမ်းပြကစားထားနိုင်ပြီး ဧပြီလမှာဒဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူနေရတာပါ။

ယူနိုက်တက်ဟာ ဇလာတန်ကိုထပ်ပြီး သက်တမ်းတိုးချင်ပေမယ့်လည်း ကစားသမားဟာ အသင်းကနေထွက်ခွာဖွယ်ရှိတာကြောင့် နည်းပြမော်ရင်ဟိုက အဲဗာတန်အသင်းရဲ့ ဂိုးသွင်းစက် တိုက်စစ်မှူး လူကာကူကို ပစ်မှတ်ထားလာတာဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ အက်သလက်တီကိုတိုက်စစ်မူး အန်တိုနီဂရစ်ဇ်မန်းနဲ့ ရီးရဲလ်တိုက်စစ်မူး မိုရာတာတို့ကိုလည်း စောင့်ကြည့်လျက်ရှိနေပြီး လောလောဆယ်မှာတော့ တရားဝင်လှုပ်ရှားမှုမျိုးမရှိသေးပါဘူး။ အဲဗာတန်တိုက်စစ်မူးလူကာကူကိုတော့ ဇလာတန်ရဲ့  ကျောနံပါတ် ၉ နေရာကို ဝတ်ဆင်ကစားစေဖို့ မော်ရင်ဟိုက ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လူကာကူရဲ့ အေဂျင့် ရိုင်အိုလာကတော့ အဲဗာတန်အသင်းဟာ တိုက်စစ်မူး လူကာကူကို အသင်းကနေထွက်ခွာခွင့်ပြုမယ်လို့  ကတိပေးထားတယ်လို့ ပြောကြားခဲ့ပြီးပါပြီ။

ဒါ့ကြောင့် ယူနိုက်တတ်အသင်းဟာ လူကာကူကို ခေါ်ယူမယ်ဆိုရင်တော့ စာချုပ်ပါလျော်ကြေး ပေါင်သန်း ၁၀၀ ခန့် အထိပေးချေရဖွယ်ရှိနေပြီး ၊ ရီးရဲလ်အသင်းတိုက်စစ်မှူး မိုရာတာကတော့ ပေါင်သန်း ၆၀ ခန့်သာ တန်ကြေးရှိနေတာဖြစ်ပါတယ်။


Mocha

#sports.thithtoolwin.com

Ref : Daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment