Powered by Blogger.

ဖယ်ကာအို ကိုသုံးနှစ် သက်တမ်းတိုးစာချူပ် ချုပ်ဆို လိုက်သည့် မိုနာကိုအသင်း





မိုနာကို အသင်းဟာ တိုက်စစ်မူး ဖယ်ကာအို ကို2020 အထိ သုံးနှစ်စာချုပ်ထပ်မံချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ဖယ်ကာအို ဟာ မန်ချက်စတာယူနိုက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ မှာဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ ရပြီးခြေစွမ်းမပြနိုင်ဖြစ်ခဲ့ ကာ မိုနာကိုအသင်းသို့ တကျော့ပြန်ရောက်ရှိလာပြီးအကောင်းဆုံးခြေစွမ်းတွေနဲ့ Ligue 1ဖလားကို အရယူပေးနိုင်ခဲ့ ပါတယ်။

အသက် ၃၁နှစ်အရွယ်ရှိတဲ့ တိုက်စစ်မူးဖယ်ကာအိုဟာ မိုနာကိုအသင်းအတွတ်ဒီရာသီလိဂ်ဂိုး သွင်းဂိုး ၂၁ဂိုးအထိသွင်းယူခြေစွမ်းပြကစားကာ Ligue 1ဖလားကိုအရယူပေးနိုင်ခဲ့ ပါတယ်။ကိုပါဘီယာကြယ်ပွင့်ဟာချန်ပီယံလိဂ်မှာဆိုရင်လည်း၇ဂိုးသွင်းယူခဲ့ကာမန်စီးတီး ဒေါ့မွန်တို့ကိုကျော်ဖြတ်ပြီးမိုနာကိုအသင်းကိုဆီမီးအဆင့်ထိပို့ဆောင်ပေးခဲ့ပါတယ်။

ဖယ်ကာအိုက "မိုနာကိုနဲ့ကျွန်တော်ခရီးဆက်နိုင်တော့မှာဖြစ်လို့ပျော်ရွှင်မိပါတယ်။ မယုံကြည်နိုင်စရာဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်ပြီးနောက်ကျွန်တော့်ရဲ့အကောင်းဆုံးလုပ်အားကိုပြန်လည်ရရှိခဲ့ပါတယ်။

ကျွန်တော့်ရဲ့တစ်ခုတည်းသောဆန္ဒကယခုလိုလှပတဲ့ပုံပြင်ကိုကြာရှည်စေဖို့ပါပဲ။ လာမည့်ရာသီအသင်းရဲ့စီမံကိန်းတွေဟာစိတ်လှုပ်ရှားစရာကောင်းမယ်လို့ယုံကြည်နေပြီးအကောင်းဆုံးဖြစ်လာဖို့ရည်မှန်းထားပါတယ်။" လို့ပြောသွားပါတယ်။

  Mocha

 #sport.thithtoolwin.com

  Ref: Daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment