Powered by Blogger.

Selfie အများဆုံးရိုက်ကူးပြီး ကမ္ဘာ့စံချိန်တင်သွားခဲ့တဲ့ အလန်ရှီးယား


 အင်္ဂလန်နဲ့ နယူးကာဆဲလ်ဘောလုံးအသင်းတို့ရဲ့ ဂနဝင်ကစားသမားဟောင်းကြီး အလန်ရှီးယားက ကျောင်းသားငယ်များနဲ့အတူ ဓါတ်ပုံရိုက်ကူးရင်း သုံးမိနစ်အတွင်း Selfie အများဆုံးရိုက်ကူးနိုင်မှုအဖြစ် ဂင်းနစ်စံချိန်အသစ်ကို တင်သွားနိုင်ခဲ့ပါတယ်။

 ဘောလုံးသမားဟောင်းကြီး အလန်ရှီးယားဟာ နယူးကာဆဲလ် အမျိုးသားကျောင်းမှ အသက်သုံးနှစ်ကနေ ရှစ်နှစ်အရွှယ်ကြား ကလေးငယ်အယောက်တစ်ရာနဲ့အတူ Selfie ရိုက်ကူးရင်း သုံးမိနစ်အတွင်း Selfie ပုံပေါင်း ၁၃၄ ပုံနဲ့ လက်ရှိဂင်းနစ်စံချိန်ဟောင်းကို ချိုးဖျက်ကာ စံချိန်သစ်တစ်ရပ် တင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမား ရိုနယ်ဒို ၊ ရုပ်ရှင်မင်းသားဖြစ်တဲ့ ဒရိန်းဂျွန်ဆင် ခေါ် The Rock နဲ့ Twilight မင်းသား Taylor Lautner တို့လည်း ယှဉ်ပြိုင်ခဲ့ကြပြီး ဘောလုံးကစားသမားဟောင်းကြီး အလန်ရှီးယားကို အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ အခုလို ကမ္ဘာ့စံချိန်တင်တစ်ရပ်ကို တင်ထားနိုင်ခဲ့တဲ့အတွက် ဆုကြေးငွေရရှိခဲ့ပြီး ရရှိခဲ့တဲ့ ဆုကြေးငွေအားလုံးကို The Alan Shearer Foundation ပရဟိတအသင်းဆီကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

 အလန်ရှီးယားဟာ အင်္ဂလန်ဘောလုံးလောကမှာ အထွန်းတောက်ခဲ့ဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး သူရဲ့ကစားသမားဘဝမှာ ဂိုးပေါင်း ၂၈၃ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရှီးယားဟာ ၁၉၉၄-၁၉၉၅ခုနှစ်မှာ ဘလက်လန်းအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ကိုင်မြောက်နိုင်ခဲ့အောင် အဓိကစွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင် ချီးမြှင့်ထားတဲ့ CBE ဘွဲ့တံဆိပ်ကိုပါ ရရှိထားပါတယ်ခင်ဗျာ။

VitamiN

#sport.thithtoolwin.com

Ref: Odd News

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment