Powered by Blogger.

ချယ်လ်ဆီးအနေနဲ့ ကမ္ဘာ့အဆင့်ကစားသမားနှစ်ဦးကို ခေါ်ယူလိုနေကြောင်း ဟာဇက်ဆို


ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမား အီဒင်ဟာဇက်ကို ရီးယဲလ်မက်ဒရစ်ဖက်က ကမ်းလှမ်းမှု ပယ်ချလိုက်ပြီးနောက်မှာ ဒီရာသီအတွင်း ကွန်တီဟာ ကစားသမားနှစ်ဦး ထပ်မံခေါ်ယူဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီရာသီအတွင်း ၃၇ပွဲကစား ၁၆ ဂိုးသွင်းယူထားတဲ့ ကစားသမားအနေနဲ့ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဇကာတင်စာရင်းမှာ ပါဝင်ခဲ့သလို ဒီရာသီမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ရာသီကုန်မှာ ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေတာပါ။

Le 10 Sports ရဲ့ သတင်းအရ ဟာဇက်အနေနဲ့ ၂၀၁၇/၁၈ရာသီမှာ ချယ်လ်ဆီးမှာ ဆက်ရှိနေမယ့်အပြင် ကမ္ဘာ့အအဆင့် ကစားသမားတွေကို အပြာရောင်တွေထံ ခေါ်ဆောင်လာဖို့ မှတ်ချက်ပြုပြောကြားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ကွန်တီအနေနဲ့လည်း ရီးယဲလ်က ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ အယ်လ်ဗာရို မိုရာတာတို့ နှစ်ဦးကို စိတ်ဝင်စားနေတာကြောင့် လာမယ့်ရာသီ ဟာဇက်ထင်သလို ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

 U Min Thant

#sport.thithtoolwin.com

 Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment