Powered by Blogger.

မန်ယူတိုက်စစ်မှူးအီဘရာဟီမိုဗစ်ရဲ့ ဒူးဒဏ်ရာခွဲစိတ်ကုသမှုအောင်မြင်ခဲ့


အန်ဒါလက်ခ်ျအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရှိခဲ့တဲ့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ အမေရိကန်နိုင်ငံမှာ သူ့ရဲ့ ဒဏ်ရာကို အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်က ပစ်ဘာ့ဂ်ဒေသမှာ မိုဗစ်ကို အခုလိုမြင်တွေ့ခဲ့ရတာဖြစ်ပြီး သူနဲ့အတူ အေးဂျင့်ဖြစ်သူ ရေးအိုလာကိုပါ တစ်ပါတည်းမြင်တွေ့ခဲ့ရပါတယ်။

အီဘရာဟီမိုဗစ်ဟာဒီဒဏ်ရာကြောင့် ကစားသမားကို အနားပေးသွားရဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့ပေမယ့်လည်း အခုလို အကောင်းဆုံးအနေအထားပြန်ရောက်လာတာကတော့ ဘောလုံးလောကတစ်ခုလုံးအတွက် သတင်းကောင်းတစ်ရပ်ပဲဖြစ်ပါတယ်။

ချိုင်းထောက်တွေထောက်ပြီး ခြေထောက်ကို ပတ်တီးစည်းထားရတဲ့ အီဘရာဟီမိုဗစ်ဟာ ဒဏ်ရာသက်သာလာတဲ့အချိန်မှာ အပေါ့စားလေ့ကျင့်ခန်းတွေနဲ့ ကြံ့ခိုင်ရေးလေ့ကျင့်မှုတွေကို ပြန်လည်ပြုလုပ်သွားဖွယ်ရှိနေပြီး ဒီဒဏ်ရာကြောင့် ရာသီကုန်အထိ မကစားနိုင်ဖို့
သေချာသလောက်ရှိနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းကတော့ သူတို့ရဲ့ အဓိကတိုက်စစ်မှူးဖြစ်နေတဲ့ မိုဗစ်တစ်ယောက်အခြေအနေမဆိုးခဲ့တာကြောင့် သက်သာရာရရှိခဲ့ပြီး မနေ့ညကပွဲစဉ်မှာတော့ အာဆင်နယ်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။


#Mocha

#sports.thithtoolwin.com

Src : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment