Powered by Blogger.

မစ်ဒယ်ဘရော့နဲ့ နိုင်ပွဲမှာ ဖခင်ဖြစ်သူကို Canvas ပုံတစ်ခုပြုလုပ်ပြီး အားပေးခဲ့တဲ့ ကွန်တီရဲ့ သမီး


ချယ်လ်ဆီးအသင်းနည်းပြ အန်တိုနီယိုကွန်တီရဲ့ သမီးဖြစ်သူကတော့ မစ်ဒယ်ဘရော့အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဖခင်ဖြစ်သူကို ပုံတစ်ခုကိုင်ဆောင်ပြီး အားပေးခဲ့ပါတယ်။ ကွန်တီရဲ့ အသင်းဟာ ဒီနိုင်ပွဲအတွက် တော့တင်ဟမ်အသင်းကို ၇မှတ်ဖြတ်ပြီး နောက်ပွဲမှာအနိုင်ရတာနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို လွတ်လွတ်ကျွတ်ကျွတ်ရရှိတော့မှာ ဖြစ်ပါတယ်။

3-0 ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အပြာရောင်တွေရဲ့ ပွဲမှာ ကွန်တီရဲ့ သမီးဖြစ်သူ Vittoria Conte ဟာ အမေရိကန် / အီတာလျံ မာဖီးယားဇာတ်ကား “The Godfather” ကို အမှီပြုပြီး “The Confather” လို့ ရေးသားကာ ဂုဏ်ပြုခဲ့တာပါ။ ဒီ ဆီဆေးပန်းချီကားထဲမှာ ကွန်တီနဲ့အတူ ချယ်လ်ဆီးကစားသမားတွေရဲ့ ပုံရိပ်တွေကိုလည်း ထည့်သွင်းရေးဆွဲထားတဲ့အပြင် နောက်ခံကိုလည်း လန်ဒန်မြို့ရဲ့ Background နဲ့ ထည့်သွင်းထားခဲ့တာပါ။

ကော်စတာ၊ အလွန်ဆို နဲ့ မာတစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ အောင်ပွဲခံပြီးနောက် မစ်ဒယ်ဘရော့အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတာကြောင့် ချယ်လ်ဆီးပရိတ်သတ်တွေနဲ့အတူ မန်နေဂျာကိုယ်တိုင်လည်း မစ်ဒယ်ဘရော့အသင်းကို လက်ခုတ်တီး ဂုဏ်ပြုပေးခဲ့ပါတယ်။
ဒီပွဲမှာ ကွန်တီကလည်း သမီးနဲ့ ဇနီးဖြစ်သူတို့နဲ့ အောင်ပွဲအတူခံခဲ့တာကြောင့် ကွန်တီတစ်ယောက် သမီးဖြစ်သူရဲ့ ဆီဆေးပန်းချီကားကိုမြင်ပြီး အားတက်ခဲ့သလားဆိုတာ စိတ်ဝင်စားစရာပါ။




Bruce

#sport.thithtoolwin.com



Ref: Mirror, The Sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment