Powered by Blogger.

ချယ်လ်ဆီးရဲ့ အောင်ပွဲခံပွဲမှာဝင်ရောက်ပူးပေါင်းခဲ့တဲ့ ယော်ဒီအယ်လ်ဘာ




ဘာစီလိုနာ ခံစစ်မှူး ယော်ဒီအယ်လ်ဘာဟာ ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အဝတ်လဲခန်းထဲက အောင်ပွဲခံပွဲမှာ သူငယ်ချင်းဖြစ်သူတွေဖြစ်တဲ့ ဆက်စ်ဖာဘရီဂတ်စ်၊ ပတ်ဒရိုတို့နဲ့အတူ ဝင်ရောက်ပူးပေါင်းခဲ့ကြောင်း သိရပါတယ်။
အန်တိုနီယိုကွန်တီရဲ့ အသင်းဟာ ဝက်စ်ဘရွန်းအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ၅လုံးမြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပြီးနောက်မှာ အဝေးကွင်း ဟော့သရုန်းမှာ အောင်ပွဲခံခဲ့ကြတာပါ။


အဲ့ဒီအပြင် ချယ်လ်ဆီးဟာ ဒုတိယမြောက်အောင်ပွဲ ဖြစ်တဲ့ FA ဖလားကိုလည်း ဒီမေလကုန်မှာ ကျင်းပမယ့် ပွဲမှာ ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ရှိနေသေးပြီး အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အယ်လ်ဘာဟာ ချယ်လ်ဆီးအသင်းရဲ့ သောကြာညအောင်ပွဲခံပွဲမှာ အင်တာနက်ကနေ တိုက်ရိုက်စကားပြောပြီး ဖာဘရီဂတ်စ်၊ ပတ်ဒရိုတို့နဲ့အတူ အောင်ပွဲခံခဲ့တာပါ။

အသက် ၂၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယော်ဒီအယ်လ်ဘာဟာ ဘာစီလိုနာကနေ ဒီနွေကုန်လောက်မှာ ပြောင်းရွှေ့လိုနေပြီး သတင်းတွေအရ နိုင်ငံတကာအသင်းဖော်တွေအများအပြားရှိနေတဲ့ လန်ဒန်အသင်းထံ ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
မန်ယူကလည်း ဗလင်စီယာ နောက်ခံလူဟောင်းကို စိတ်ဝင်စားနေပြီး ဆရာဟောင်းဖြစ်သူ ဂွါဒီယိုလာကလည်း မန်စီးတီးရဲ့လိုအပ်နေတဲ့ ဘယ်တောင်ပံနေရာအတွက် စိတ်ဝင်စားနေခဲ့ပါတယ်။ ကွန်တီအနေနဲ့ လက်ရှိဘယ်တောင်ပံမှာ ကစားနေတဲ့ မားကို့စ်အလွန်ဆိုရဲ့ အပြိုင်အဆိုင် ကစားသမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် အယ်လ်ဘာရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

  Bruce

 #sport.thithtoolwin.com

 Ref:Daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment