Powered by Blogger.

၂၀၁၇ / ၁၈ ရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းဝတ်စုံသစ်ကို Everton အသင်းထုတ်ဖော်



Everton အသင်းဟာ လာမယ့်ရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းဝတ်စုံသစ်ကို ထုတ်ဖော်ပြသက်ပါတယ်။ ဒီဝတ်စုံကိုUmbro ကုမ္ပဏီကနေ စပွန်ဆာပေးထားတာဖြစ်ပြီး အဲဗာတန်ထုံးစံအတိုင်း အပြာနဲ့ အဖြူရောင်တွေအသုံး ပြုထားတာပါ။

ဒီမိတ်ဆက်မှုမှာ ဘာကလေ၊ လေတန်ဘိန်းစ်၊ တွမ်ဒေးဗီးတို့ ပါဝင်ခဲ့ပါတယ်။ မန်နေဂျာဖြစ်သူ ရော်နယ်ကိုးမန်းရဲ့ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်ဆိုတဲ့ မှတ်ချက်ကို ဝတ်စုံသစ်ကြော်ငြာရာမှာ ပါဝင်ခဲ့တဲ့ ဘာကလေအနေနဲ့ အသင်းမှာ ဆက်နေမလားလို့လဲ ထင်စရာရှိနေပါတယ်။ အဲဗာတန်အသင်းကတော့ ကစားသမားရဲ့ တန်ကြေးကို ပေါင်သန်း ၅၀လို့ သတ်မှတ်ထားပါတယ်။
အဲဗာတန်အသင်းရဲ့ ဝတ်စုံသစ်ကို Preorder မှာယူနိုင်ပြီဖြစ်ပါတယ်။

 Bruce

 #sport.thithtolwin.com

  Ref: Express
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment