Powered by Blogger.

ပရီးမီးယားလိဂ်ဖလားကို ဘယ်သူကိုင်မြောက်မယ်ဆိုတာ ကွန်တီပြောကြား


ချယ်လ်ဆီးမန်နေဂျာ ဖြစ်သူ အန်တိုနီယိုကွန်တီဟာ အသင်းခေါင်းဆောင်ဖြစ်သူ ဂျွန်တယ်ရီက လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကျရင် ပရီးမီးယားလိဂ်ဖလားကြီးကို ကိုင်မြောက်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
အပြာရောင်တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ဖလားကြီးကို ကိုင်မြောက်ခဲ့တာပါ။ နောက်ထပ်ယှဉ်ပြိုင်မယ့် ဆန်းဒါးလန်းအသင်းနဲ့ ပွဲစဉ်ကျရင် ဖလားသိမ်းပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဖလားကို ဦးဆုံးကိုင်မြောက်မယ့်လူက ဂယ်ရီကာဟေးလ်ဖြစ်မလား ဂျွန်တယ်ရီ ဖြစ်မလားဆိုတာကို ဝေခွဲရခက်တာကြောင့် မေးခွန်းမေးခဲ့တဲ့အခါမှာ “ဒီပွဲမှာ ဖလားကိုင်မြောက်မယ့်လူက ဂျွန်ပဲဖြစ်မှာပါ” လို့ ကွန်တီက ဆိုခဲ့တာပါ။
 
Bruce

#sport.thithtoolwin.com

  Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment