Powered by Blogger.

လီဗာပူးစတားတွေနဲ့အတူ Nivea (နေဗီယာ) ကြော်ငြာမှာ ပါဝင်ခဲ့တဲ့ ဂျရတ်


လီဗာပူးနဲ့ Nivea တို့ဟာ ကြော်ငြာကဏ္ဍမှာ လက်တွဲလာတာ နှစ်အနည်းငယ်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက ဟန်ဒါဆန်၊ မစ်ဂ်နိုလက်၊ စတာလင်တို့နဲ့အတူ စတင်ကြော်ငြာခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ အသင်းနည်းပြ ယာဂန်ကလာ့ပ်နဲ့ ကြော်ငြာခဲ့ပါတယ်။ အခုနောက်ဆုံးတစ်ခုမှာတော့ Nivea ကြော်ငြာမှာ စတီဗင်ဂျရတ်လဲ ပါဝင်လာခဲ့ပါတယ်။
ဒီအထဲမှတော့ ကလိုင်း၊ ဖာမီနို၊ မီလ်နာတို့ ပါဝင်ခဲ့တာပါ။ သူတို့သုံးဦးက ပြိုင်ပွဲကို အနိုင်ယူပြီး အဝတ်လဲခန်းထဲ ဝင်ရောက်လာတဲ့ပုံစံလုပ်ထားတာပါ။ သူတို့က နေဗီယာပစ္စည်းတွေသုံးပြီး ကာကွယ်ပေးပုံကို ဖော်ပြထားတာပါ။

အဲ့ဒီနောက် မီလ်နာက ကားပေါ်တက်သွားချိန်မှာ ဂေါ်ဇီလာ ခြေထောက်ကြီးက ကားကို တက်နင်းသွားတာကို “ဒါကလွဲလို့ပေါ့” လို့ ဟာသဆန်ဆန်ရိုက်ကူးထားခဲ့တာပါ။ အဲ့ဒီနောက် ဂျရတ်ရောက်လာပြီး “အဆင်ပြေရဲ့လား” လို့မေးထားတဲ့ပုံနဲ့ စက္ကန့်သုံးဆယ်စာကြော်ငြာကို အဆုံးသတ်ထားပါတယ်။

   Bruce

   #sport.thithtoolwin.com

   Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment