Powered by Blogger.

အနာဂတ်မရေရာဖြစ်နေတဲ့ ဒီဂီယာနေရာကိုဆက်ခံဖွယ်ရှိနေတဲ့ တီကိုဂိုးသမားအော့ဘ်လက်



မန်ယူအသင်းကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဂိုးအကျော်အမော်ဖြစ်တဲ့ ဂျန်အော့ဘ်လက်ကို ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့အတွက် ခြေတစ်လှမ်းတိုးလိုက်ပြီဖြစ်ပြီး မန်ယူအသင်းရဲ့ လက်ရှိဂိုးသမား ဒီဂီယာကတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတာကြောင့် အခုလို လှုပ်ရှားမှုကို အဆင့်မြှင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုကတော့ ဆောက်သမ်တန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာတော့ ဂိုးသမားဒီဂီယာဟာ လာမယ့် ဇူလိုင်မှာကစားရမယ့် အမေရိကန်ခြေစမ်းခရီးစဉ်ကို လိုက်ပါနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

လူသိရှင်ကြားတော့ မော်ရင်ဟိုက အခုလိုထုတ်ဖော်ပြောကြားထားခဲ့ပေမယ့်လည်း မန်ယူနည်းပြ မော်ရင်ဟိုဟာ အက်သလက်တီကိုအသင်းရဲ့ အိမ်ကွင်း ဗင်းဆင့်ကယ်လ်ဒါရွန်မှာ အော့ဘ်လက်ရဲ့ လက်စွမ်းကို စောင့်ကြည့်နိုင်ဖို့အတွက် ကင်းထောက်တွေကို စေလွှတ်ထားခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် အော့ဘ်လက်ကတော့ အက်သလက်တီကိုအသင်းမှာ စာချုပ်သက်တမ်းတွေကျန်ရှိနေသေးပြီး သူ့ကိုခေါ်ယူမယ်ဆိုရင် စာချုပ်လျော်ကြေးအပါအဝင် ယူရိုသန်း ၁၀၀ လောက်အထိ မန်ယူအသင်းအနေနဲ့ သုံးစွဲရဖွယ်ရှိနေပါတယ်။ ဒီဂီယာအနေနဲ့လည်း မန်ယူအသင်းနဲ့အတူ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး မန်ယူအသင်းရဲ့ ဂိုးသမားနေရာကတော့ လာမယ့်အပြောင်းအရွှေ့တွေမှာ စိတ်ဝင်စားစရာဖြစ်လို့နေတာပါ။

မန်ယူအသင်းဟာ ဒေးဗစ်ဒီဂီယာကိုလည်း အက်သလက်တီကိုအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ပေါင် ၁၈.၃ သန်းနဲ့ ဂိုးသမားဗန်ဒါဆားရဲ့နေရာကို အစားထိုးဖို့အတွက် ၂၀၁၁ နွေမှာ ခေါ်ယူခဲ့တာပါ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုကတော့ ဒီဂီယာသာ အသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုရင် အော့ဘ်လက်ကို ဦးစားပေးအနေနဲ့ ပစ်မှတ်ထားဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အေစီမီလန်အသင်းရဲ့ဂိုးသမား ဒေါ်နာရမ်းမားကိုလည်း စောင့်ကြည့်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

Mocha
#sports.thithtoolwin.com
Ref : ESPN

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment