Powered by Blogger.

King Power မှာ ဘုရင်တစ်ပါးလို ပါဝါပြပြီး EPL ရွှေဖိနပ်ဆုနဲ့ လက်တစ်ကမ်းက ဟာရီကိန်း


မနေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ စပါးအသင်းက ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ခြေတက်နေတဲ့ လက်စတာအသင်းကို အဝေးကွင်းမှာ ဂိုးဒါဇင်ဝက်နဲ့ နှိပ်ကွပ်ခဲ့ပါတယ်။ စပါးအသင်းရဲ့ တိုက်စစ်အတွဲအဖက်တွေက ဒီလိုပွဲတွေကြောင့် နားလည်မှုပိုရှိလာခဲ့ပြီး တစ်ပွဲပြီး တစ်ပွဲ ပိုကောင်းလာတဲ့ အနေအထားတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

စပါးအသင်းအတွက် ဂိုးတွေကိုတော့ ဟာရီကိန်းက (၂၅ ၊ ၆၃ ၊ ၈၈ ၊ ၉၁) မိနစ်တွေမှာ တစ်ဦးတည်း လေးဂိုးသွင်းယူခဲ့ပြီး ကျန်ဂိုးတွေကိုတော့ ဆွန်ဟောင်မင်က (၃၆ နဲ့ ၇၃ မိနစ်) တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ အာရှကစားသမားတစ်ယောက်အနေနဲ့ အမြင့်ဆုံး စံချိန်တွေကို ဆွန်ဟောင်မင်က ရယူလျက်ရှိနေပြီး ဟာရီကိန်းရဲ့ EPL သွင်းဂိုးတွေကလည်း ၂၆ ဂိုးအထိရှိလာခဲ့တာကြောင့် ဦးဆောင်နေတဲ့ အဲဗာတန်အသင်းက လူကာကူကို နှစ်ဂိုးအထိ အသာစီးရယူထားနိုင်လာပြီဖြစ်ပါတယ်။

စပါးအသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွတ်ခဲ့ရပေမယ့်လည်း နောက်ရာသီတွေမှာ တစ်ခြားအသင်းတွေ သတိထားနေရလောက်တဲ့ ခြေစွမ်းနဲ့ Teamwork တွေကို ပြသလျက်ရှိနေပါတယ်။

စပါးအသင်းရဲ့ငယ်မွေးခြံပေါက် တိုက်စစ်မှူး ဟာရီကိန်းကတော့ အသင်းပရိသတ်တွေရဲ့ အသည်းကျော်ကစားသမားတဖြည်းဖြည်းချင်းဖြစ်လာနေပြီး သူ့ကိုခေါ်ယူမယ့် အသင်းတွေကလည်း ပိုပြီး မျက်စိကျလာလျက်ရှိနေတယ်လို့ စပါးပရိသတ်တစ်ယောက်က ပြောကြားခဲ့ပါတယ်။

ဟာရီကိန်းရဲ့ စပါးအသင်းအတွက် စုစုပေါင်း ပရီးမီးယားလိဂ်သွင်းဂိုးဟာ ပွဲထွက်ခွင့်တစ်နေရာ အခိုင်အမာရရှိခဲ့တဲ့နောက်ပိုင်းမှာ သွင်းဂိုး ၇၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ဂိုးဖန်တီးမှုအနေနဲ့လည်း ၁၂  ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဟာရီကိန်းဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဒုတိယအကြိမ်မြောက်အဖြစ် နှစ်ရာသီဆက်ရရှိဖို့လည်း အခြေအနေကောင်းလာခဲ့ပြီဖြစ်ပါတယ်။


    Season
               Club
  Apps(Subs)
     Goals
2016/2017
    Tottenham Hotspur
        29(1)
         26
2015/2016
    Tottenham Hotspur
        38(0)
         25
2014/2015
    Tottenham Hotspur
        34(6)
         21


Mocha

#sports.thithtoolwin.com

Ref : The Guardian

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment