Powered by Blogger.

နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ကစားပြီးမှ အဖြေထွက်ခဲ့တဲ့ လာလီဂါချန်ပီယံလုပွဲ


နည်းပြဇီဒန်းရဲ့ Real madrid အသင်းဟာ 2012နောက်ပိုင်း ပထမဆုံး လာလီဂါဆုဖလားကို မာလာဂါအသင်းနဲ့အဝေးကွင်းပွဲစဉ်မှာ   စီရော်နယ်ဒို ၊ဘန်ဇီမာတို့ရဲ့ သွင်းဂိုးတွေနဲ့  မာလာဂါကို နှစ်ဂိုးပြတ်အနိုင်ရရှိပြီး အနီးကပ်ဆုံးပြိုင်ဘတ် ဘာစီလိုနာအသင်းကိုသုံးမှတ်အသာစီးရယူပြီး ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် ၃၃ ကြိမ်မြောက်လာလီဂါဆုဖလားကြီးကိုဆွတ်ခူးနိုင်ခဲ့ပါတယ် ။

Real Madrid အသင်းဟာ စီရော်နယ်ဒိုရဲ့ ပွဲအစပိုင်းသွင်းဂိုးနဲ့ မာလာဂါ အသင်းကိုခြေစွမ်းအသာဖြင့်ပွဲကိုစိုးမိုးနိုင်ခဲ့ပါတယ်။ မာလာဂါအသင်းရဲ့ တုန့်ပြန်မူတွေဟာလည်း ရီးရဲလ်အသင်းကိုအခတ်တွေ့ စေခဲ့ပါတယ်။ ဂိုးသမား ကေလာနာဗတ်စ်ရဲ့ မှော်ဝင်လက်စွမ်းတွေကြောင့်သာ ရီးရဲလ်ဂိုးမပေးခဲ့ရတာပါ။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီ Real madrid အသင်းနဲ့ ပြိုင်ပွဲအားလုံးမှာ ဂိုး ၄၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးအထိသွင်းယူခြေစွမ်းပြနိုင်ခဲ့တာကတော့ ချီးကျူးစရာပါပဲ။


နည်းပြဇီဒန်းကတော့ လာလီဂါနောက်ဆုံးပွဲအတွက် တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ မာလာဂါကစားသမားဟောင်း အစ္စကိုတို့ကို တွဲဖက်ပြီး အသုံးပြုခဲ့တာက တော်တော်လေးအလုပ်ဖြစ်တာတွေ့ရပါတယ်။

Real madrid အသင်းဟာ ဇွန်လ၃ရက်နေ့ မှာတော့  ကာဒစ်ဖ်ကွင်းမှာ Juventus အသင်းနဲ့ Champion League Final ကို ယှဉ်ပြိုင်ကစားသွားရမှာပါ။

Mocha

#sports.thithtoolwin.com

Ref : Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment