Powered by Blogger.

တစ်ပွဲတစ်ဂိုးနှုန်းနဲ့ EPL ရွှေဖိနပ်ဆုရရှိခဲ့တဲ့ စပါးတိုက်စစ်မှူးဟာရီကိန်း





စပါးအသင်းတိုက်စစ်မူးဟာရီကိန်းကတော့ ပရီးမီးယားလိဂ်ရွှေဖိနပိဆုကို သွင်းဂိုး၂၉ ဂိုးနဲ့ နှစ်ရာသီဆက် (ဒုတိယအကြိမ်မြောက်)အဖြစ်
ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဟာရီကိန်းကတော့ နောက်ဆုံးပွဲစဉ်တွေမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး လက်စတာအသင်းကို လေးဂိုး ၊ ဟားလ်စီးတီးအသင်းကို
ဟက်ထရစ် သုံးဂိုးသွင်းယူပြီး မှော်ဝင်နေခဲ့တာကြောင့် ဒီဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပါ။ သူကတော့ အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့
အဲဗာတန်တိုက်စစ်မှူး လူကာကူနဲ့ အာဆင်နယ်ကစားသမား ဆန်းချက်ဇ်တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရယူနိုင်ခဲ့တာပါ။

အစောပိုင်းတွေမှာတော့ လူကာကူတစ်ယောက် ရွှေဖိနပ်ရဖို့အခြေအနေကောင်းနေခဲ့ပေမယ့်လည်း ဟာရီကိန်းတစ်ယောက် အကောင်းဆုံး
ကြိုးစားပြခဲ့ပြီး ရာသီပိတ်ပွဲစဉ်နှစ်ပွဲက သွင်းဂိုးခုနစ်ဂိုးကြောင့် လူကာကူကို လေးဂိုးအထိ အသာရသွားခဲ့တာပါ။

ကိန်းဟာပြီးခဲ့တဲ့ ရာသီတုန်းကလည်းသွင်းဂိုး၂၆ဂိုးနဲ့ ပရီးမီးယားလိပ်ရွှေဖိနပ်ဆုကိုရရှိခဲ့ပါတယ်။ ဟာရီကိန်းကတော့  ဒီရာသီမှာ ပွဲ ၃၀
ကစားပြီး တစ်ပွဲတစ်ဂိုးနှုန်းနီးပါးနဲ့ ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

Moca

#sport.thithtoolwin.com

 Ref: Daily Mail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment