Powered by Blogger.

စံချိန်သစ်တွေတင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ CR7



ရီးရဲလ်မက်ဒရစ်အသင်းဟာ မာလာဂါအသင်းကို အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီးမှာ ဒီနှစ်လာလီဂါဖလားကို ၂၀၁၁/၁၂နောက်ပိုင်း မှာ ပြန်လည်ဆွတ်ခူးခဲ့ပါတယ်။ ဇနဒိန်းဇီဒန်းရဲ့ အသင်းဟာ သရေကျရုံနဲ့ ပြိုင်ဘက်ဘာစီလိုနာကို အမှတ်ဖြတ်နိုင်မှာ ဖြစ်ပေမယ့် ခရစ္စတီယာနိုရော်နယ်လ်ဒို၊ ဘန်ဇီမာတို့ရဲ့ ဂိုးနှစ်ဂိုးနဲ့အတူ ချန်ပီယံဆုကို သေချာစေခဲ့တာပါ။

မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း စီးရီးအေ ချန်ပီယံဖြစ်သူ ဂျူဗင်တပ်စ်အသင်းနဲ့ တွေ့ဆုံဗိုလ်လုရမှာပါ။
နိုင်ပွဲ၊ ဖလားခံပွဲတွေနောက်မှာလည်း ရီးရဲလ်ဟာ ရပ်တန့်မသွားသေးပဲ စံချိန်ကောင်းတွေနဲ့အတူ ပန်းဝင်ခဲ့တာဖြစ်ပါတယ်။

မာလာဂါကို နှစ်ဂိုးသွင်းခဲ့တာကြောင့် ရီးရဲလ်ဟာ ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး လာလီဂါအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ အဓိကကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုကလည်း ဘောလုံးသမိုင်းတစ်လျှောက် ၇ရာသီဆက် ဂိုး ၄၀နဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် ထိုက်ထိုက်တန်တန်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီလိုစံချိန်ကောင်းတွေနဲ့ ချီတက်နေတဲ့ ရီးရဲလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာလည်း နှစ်ရာသီဆက်ချန်ပီယံဖြစ်တဲ့ ပထမဆုံးအသင်း ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

 Bruce

 #sport.thithtoolwin.com

  Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment