Powered by Blogger.

ယူရိုပါလိဂ်ဖိုင်နယ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ မိုဗစ်ပြော

 မန်ယူတိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်ဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အားယက်စ် (Ajax) အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ်ရှိတဲ့ ကစားသမားဟာ ပြီးခဲ့တဲ့လတုန်းက အန်းဒါလက်ခ်ျအသင်းနဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုအထိ သွားရောက်ကုသခဲ့ပြီး အမြန်သက်သာလာခဲ့တာပါ။
 ခွဲစိတ်ဆရာဝန်ကတောင် သူ့ဒဏ်ရာ အမြန်ပြန်ကောင်းလာတဲ့အပေါ် မှတ်ချက်ပြုခဲ့ပြီး တကယ်သန်မာတဲ့ ဒူးဖြစ်ကြောင်း နောက်ဆိုသူ့ဒူးကို စူးစမ်းလေ့လာဦးမယ်လို့ ဆိုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်တုန်းကတော့ မိုဗစ်ကိုတိုင် ရေကူးကန်ထဲက လေ့ကျင့်ခန်းအစီအစဉ်ကို ရိုက်ကူးထားတဲ့ Instagram မှာတင်ထားတဲ့ ဗီဒီယိုပို့စ်ကနေ ‘ဖိုင်နယ်အတွက်အဆင်သင့်ဖြစ်နေပြီ’ လို့ Caption တပ်ပြီး တင်ခဲ့ပါတယ်။
ရေကူးကန်ထဲမှာ မန်ယူလေ့ကျင့်ရေးကွင်းအင်္ကျီဝတ်ထားပြီး လမ်းလျှောက်နေတာကို ရိုက်ကူးထားခဲ့တာပါ။

  Bruce

 #sport.thithtooolwin.com

 Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment