Powered by Blogger.

မန်ယူကိုရောက်ဖို့  ၆၀ရာခိုင်းနှုန်းလောက်သေချာတယ်လို့ပြောသွားတဲ့ ဂရစ်ဇ်မန်း


အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှုး ဂရစ်ဇ်မန်းကတော့ လာမယ့် ရာသီမန်ချက်စတာယူနိုက်တက်မှာကစားဖို့ဟာ ၆၀ရာခိုင်နှုန်းအထိ သေချာသလောက်ရှိနေပြီး သူ့ရဲ့အနာဂတ်ကိုလာမယ့် ၂ ပတ်အတွင်း  အဖြေရှာသွားဖို့မျှော်လင့်နေတယ်ဆိုပီး French TV Show မှာပြောသွားခဲ့ပါတယ်၊

အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှုးဟာ ဒီရာသီမှာပြိုင်ပွဲစုံ သွင်းဂိုး ၂၆ဂိုး အထိသွင်းယူပီး အေတီကိုအသင်းအတွတ် အဓိက ကစားသမားတစ်ယောက်အဖြစ် အရေးပါနေသူပါ။ ယူနိုက်တက်ဟာ ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့သလို ဂရစ်မန်းကိုလည်းစံချိန်တင်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူဖို့  ပြင်ဆင်လျက်ရှိနေပါတယ်။ မန်ယူအသင်းဟာ ဂရစ်ဇ်မန်းအတွက် ပေါင်သန်း ၁၀၀ ကျော်လောက် အထိ သုံးစွဲသွားဖွယ်ရှိပြီး နောက်ထပ် ကမ္ဘာ့စံချိန်တင်ဖို့အတွက် တာစူလျက်ရှိနေတာပါ။

ဂရစ်မန်းက "ကျွန်တော့်ရဲ့အနာဂတ်ကိုလာမယ့် နှစ်ပတ်အတွင်းဆုံးဖြတ်ချက်ချမှတ်သွားမှာပါ။ လာမယ့်ရာသီ အိုးထရပ်ဖို့ကိုရောက်ရှိဖို့အတွက်အခွင့်အရေး၆၀ရာခိုင်နှုန်းတော့ရှိပါတယ်” လို့ပြောသွားပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဂရစ်ဇ်မန်းနေရာမှာအစားထိုးဖို့အတွက် ကြိုတင်ပြင်ဆင်ထားပြီးလိုင်ယွန်စတား လာကာဇတ်တီကိုခေါ်ယူဖို့ သဘောတူညီမူရရှိထားတယ်လို့ သိရပါတယ်။

Mocha

#Sport.thithtoolwin.com

 Ref:BBc

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment