Powered by Blogger.

မေလ၂၉ရက်မှာ နည်းပြသစ်ခန့်အပ်မယ်လို့ကြေငြာသွားတဲ့ဘာစီလိုနာအသင်း





ဘာစီလိုနာဥက္ကဋ္ဌဘာတိုမြူကလာမယ့်​မေလ၂၉ရက်​​နေ့မှာလူးဝစ်​အန်းနရစ်​​နေရာမှာဆက်​ခံမယ့်​နည်းပြသစ်​ကို​ကြေငြာသွားမှာဖြစ်​တယ်​လို့ထုတ်​​ဖော်​​ပြောဆိုလိုက်​ပါတယ်​။

ရာသီကုန်​မှာနူးကမ့်​က​နေထွက်​ခွာ​တော့မယ့်​လူးဝစ်​အန်းနရစ်​အ​နေနဲ့ရီးရဲယ်​မက်​ဒရစ်​ကိုလာလီဂါဆုဖလားလွှဲ​ပြောင်း​ပေးခဲ့​ပေမယ့်​လာမယ့်တစ်​ပတ်​ကိုပါဒယ်​​ရေးမှာအလာ​ဗက်​နဲ့​တွေဆုံမှာဖြစ်​တာ​ကြောင့်​ဖလားနဲ့နှုတ်​ဆက်​နိုင်​ဖို့အခွင့်​အ​ရေးရှိ​နေပါတယ်​။

ထွက်​​ပေါ်​နေတဲ့သတင်းများအရက​တော့ဘာစီလိုနာအသင်းဟာနည်းပြသစ်​အဖြစ်​အက်​သလက်​တစ်​ဘီဘာအိုအသင်းရဲ့နည်းပြဖြစ်​သူ​ဗယ်​​ဗာဒီကိုခန့်​အပ်​ဖို့များ​နေတယ်​လို့သတင်း​တွေထွက်​​ပေါ်​နေပါတယ်​။

ဘာတိုမြူက "လာမည့်​​မေလ၂၉ရက်​​နေ့မှာကျွန်​​တော်​တို့ဘာစီလိုနာအသင်းရဲ့နည်းပြသစ်​ကို​ကြေငြာသွားပါမယ်​။ ​တောင်းဆိုမှု​တွေအလွန်​များပြားတဲ့ဘာစီလိုနာနည်းပြအလုပ်​ကိုအ​ကောင်းဆုံးအားစိုက်​ထုတ်​သွားခဲ့တဲ့လူးဝစ်​အန်းနရစ်​ကိုလည်း​ကျေးဇူးတင်​ပါတယ်​။

သူ့အတွက်​ဘာစီလိုနာအသင်းကတံခါးအမြဲဖွင့်​ထားဆဲဖြစ်​ပြီးခုချိန်​မှာ​တော့ကျွန်​​တော်​တို့မှာကိုပါဒယ်​​ရေးဖလားဆွတ်​ခူးဖို့အခွင့်​အ​ရေးရှိ​နေပါတယ်​" လို့​ပြောသွားပါတယ်​။

Moncha

#sport.thithtoolwin.com

 Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment