Powered by Blogger.

ကန်တီအား မျက်စိကျနေသည့် ရီရဲမက်ဒရစ်နည်းပြဇီဒန်း


 စပိန်လာလီဂါချန်ပီယံ ရီရဲမက်ဒရစ်အသင်းရဲ့ နည်းပြ ဇီဒန်းဟာ ချယ်ဆီးအသင်း၌ ယခုရာသီ အထူးခြေစွမ်းပြကစားနေသော ကွင်းလယ်လူကန်တီအား နွေရာသီ၌ ခေါ်ယူကမ်းလှမ်းဖို့ အဓိကပစ်မှတ်ထားနေကြောင်း သိရပါတယ်။

 သတင်းများအရ ဇီဒန်းမှ မက်ဒရစ်စတားဘရားဇီးကစားသမား Casemiro ရဲ့ ခြေစွမ်းအား သဘောမတွေ့ ဖြစ်နေပြီး ၎င်းနေရာ၌ အစားထိုဖို့အပြင် အသင်းရဲ့ ကွင်းလယ်ပိုင်း တောင့်တင်းဖို့ ပြင်သစ်သား ကန်တီအား ခေါ်ယူလိုနေခြင်း ဖြစ်ကြောင်း သိရပါတယ်။

 ပြင်သစ်ကွင်းလယ်ကစားသမားကန်တီဟာလတ်စတာစီးတီးအသင်းနဲ့ ပရီးမီးယာလိဂ်ဖလားရယူကာချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ လာပြီးပရီးမီးယာလိဂ်ဖလားကို ထပ်မံရယူပေးနိုင်ခဲ့သလို မတူညီသောအသင်းနှစ်သင်းနဲ့ ပရီးမီးယာလိဂ်ဖလားကိုနှစ်ရာသီဆတ်ဆွတ်ခူးပေးနိုင်တဲ့ ပထမဆုံးသော ကစားသမားဖြစ်ပါတယ်။

ရီရဲမက်ဒရစ်နည်းပြ ဇီဒန်းမှ PFA တစ်နှစ်တာ အကောင်းဆုံးဆုရယူထားသူ ကန်တီအား ခေါ်ယူဖို့ အသင်းဥက္ကဌ ပီရက်ဇ်နှင့် ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သိရပြီး အမှန်တကယ် ကမ်းလှမ်းမလားဆိုတာတော့ စောင့်ကြည့်ရပါတော့မယ်။

    Moncha

  #Sport.thithtoolwin.com

   Ref:101greatgoals
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment