Powered by Blogger.

ယိုဟန်ခရိုက်ဖ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အိမ်ကွင်းနာမည်ကို ပြောင်းလဲလိုက်တဲ့ အေဂျက်စ်အသင်း



နယ်သာလန်နိုင်ငံနဲ့ ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးရဲ့ ဂန္တဝင်ကစားသမားကြီး ယိုဟန်ခရိုက်ဖ်ကွယ်လွန်သွားခဲ့တာကတော့ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ တစ်နှစ်တင်းတင်းပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါ့ကြောင့် နယ်သာလန်ဘောလုံးထိပ်သီးအသင်းဖြစ်တဲ့
အေဂျက်စ်အသင်းကတော့ သူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ အမ်စတာဒမ်ကွင်းကြီးကို ယိုဟန်ခရိုက်ဖ်ကွင်းလို့ အမည်ပြောင်းလဲပြီး ဂုဏ်ပြုမှုပြုလုပ်ခဲ့ပါတယ်။


ဒီလိုနာမည်ပြောင်းလဲဖို့အတွက် ကွင်းရဲ့ ပိုင်ရှင်အေဂျက်စ်အသင်းနဲ့အတူ နယ်သာလန်အစိုးရတို့ အကြိတ်အနယ်ဆွေးနွေးခဲ့ရပြီး အခုလိုပဲ ပြောင်းလဲနိုင်လိုက်တာဖြစ်ပါတယ်။ အမ်စတာဒမ်ကွင်းဟာ အေဂျက်စ်အသင်းရဲ့အိမ်ကွင်းဖြစ်သလို နယ်သာလန်လက်ရွေးစင်
အသင်းအတွက်လည်း အိမ်ကွင်းတစ်ခုဖြစ်ပါတယ်။

ယိုဟန်ခရိုက်ဖ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို သုံးကြိမ်တိုင်တိုင်ရရှိခဲ့ပြီး ၁၉၇၀ ပြည့်နှစ်ပိုင်းမှာ အကောင်းဆုံးကစားသမား
တစ်ယောက်အဖြစ်ရပ်တည်ခဲ့တာပါ။

Mocha

#sports.thithtoolwin.com

Ref : Sky sports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment