Powered by Blogger.

မက်ဆီကို ဖျက်ထုတ်ခဲ့တဲ့အနီကတ်ကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမယ့် ရာမို့စ်


ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ကတော့ ပြီးခဲ့တဲ့ အယ်လ်ကလာစီကိုပွဲစဉ်မှာ မက်ဆီကို ပြစ်ဒဏ်ကျူးလွန်မှုပြုလုပ်ခဲ့ပြီး ဒီပြစ်ဒဏ်ကြောင့် လာလီဂါမှာ တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံရတော့မှာဖြစ်ပါတယ်။ မက်ဆီရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ဘာစီလိုနာက
အနိုင်ရခဲ့ပြီး ရာမို့စ်အထုတ်ခံလိုက်ရတာက ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် နစ်နာစရာတွေဖြစ်လာခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ရာမို့စ်ရဲ့ပွဲပယ်ပြစ်ဒဏ်ကြောင့် နောက်ခံလူပြဿနာအနည်းငယ်ရှိလာခဲ့ပြီး သူ့အတွက် အယူခံကိုလည်းပြိုင်ပွဲကော်မတီက ပယ်ချခဲ့တာကြောင့် အခုလာလီဂါပွဲတစ်ပွဲကို လွဲသွားရတော့မှာပါ။ ရာမို့စ်ကိုတော့ ရည်ရွယ်ချက်ရှိရှိ ကြမ်းတမ်းစွာ
ဖျက်ထုတ်ခဲ့တယ်လို့ ကော်မတီက သတ်မှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်တွေတုန်းကတော့ ဘာစီလိုနာတိုက်စစ်မှူး နေမာတစ်ယောက် မာလာဂါအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကစားပုံကြောင့် အနီကတ်ပြသခံခဲ့ရပြီး ကွင်းလယ်ဒိုင်နဲ့ ပွဲကြီးကြပ်သူတွေကို အရွဲ့တိုက်လက်ခုတ်တီးခဲ့တာကြောင့် တစ်ပွဲကနေ နှစ်ပွဲပယ်ပြစ်ဒဏ်ကို
ချမှတ်ခံခဲ့ရပါတယ်။

အခုလို ပွဲရလဒ်တွေကြောင့် လာလီဂါချန်ပီယံဆုပြိုင်ပွဲကတော့ ပိုပြင်းထန်လာခဲ့ပြီး ဒီနေ့ညမှာတော့ ရီးရဲလ်အသင်းက ဒီပို့တီဗိုအသင်းနဲ့ကစားရမှာဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ အိုဆာဆူနာအသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။


Mocha

#sports.thithtoolwin.com

Src : Goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment