Powered by Blogger.

Hazard နဲ့ Ibrahimovic တို့ကို ကျော်ပြီး PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို Kante ဆွတ်ခူး



ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား Kante ကတော့ ၂၀၁၆-၂၀၁၇ ခုနှစ်ရာသီအတွက် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို သူ့ရဲ့ကစားသမားဘဝပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Kante ကတော့ ဒီဆုအတွက် အသင်းဖော် Hazard ၊ မန်ယူတိုက်စစ်မှူး Ibrahimovic နဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်း ၊ အဲဗာတန်တိုက်စစ်မှူး လူကာကူတို့နဲ့ အတူယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဆန်ကာတင်စာရင်းမှာ မဲအများဆုံးရရှိခဲ့တာကြောင့် အခုလို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

Kante ဟာ လက်စတာအသင်းနဲ့အတူ ၂၀၁၆ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး နောက်ထပ် ချယ်လ်ဆီးအသင်းမှာလည်းပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံရရှိဖို့ ရာခိုင်နှုန်းများပြားလျက်ရှိနေပါတယ်။ သူ့အတွက်တော့ ၂၀၁၆-၂၀၁၇ ခုနှစ်ရာသီက ပြီးပြည့်စုံတဲ့
ရာသီတစ်ခုဖြစ်လာခဲ့ပြီး ပြင်သစ်နိုင်ငံဂုဏ်ကို ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။


ပြင်သစ်ကစားသမား Kante ဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး ပေါင် ၃၂ သန်းနဲ့ ချယ်လ်ဆီးအသင်းကို လက်စတာအသင်းကနေ ပြီးခဲ့တဲ့နွေမှာ ပြောင်းရွှေ့ကစားခဲ့တာပါ။

"ကျွန်တော် အခုလို အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် ရွေးချယ်ခံရတာဟာ ကျွန်တော့်အတွက်တော့ အဓိပ္ပာယ်အများကြီးရှိပါတယ်။"

"ကျွန်တော့်အနေနဲ့ ကိုယ်ကစားတဲ့ အသင်းနှစ်သင်းလုံးမှာ အကောင်းဆုံးပေးဆပ်ကစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကြိုးစားမှုကို ဒီလို
အကောင်းဆုံးကစားသမားဆုနဲ့ ဂုဏ်ပြုပေးလိုက်တယ်လို့ ထင်ပါတယ်" လို့ Kante က ပြောကြားခဲ့ပါတယ်။

Kante သာ နှစ်သင်းဆက်တိုက်မှာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့ရင်တော့ ၁၉၉၂-၉၃ တုန်းက အဲရစ်ကန်တိုနာရဲ့ စံချိန်အတိုင်းတူညီသွားမှာဖြစ်ပြီး မော်ဒန်ပရီးမီးယားလိဂ်မှာ သမိုင်းကောင်းတစ်ခုတွင်ကျန်ခဲ့တော့မှာဖြစ်ပါတယ်။ Kante ကတော့ လောလောဆယ်မှာ ချယ်လ်ဆီးအသင်းနဲ့အတူ အက်ဖ်အေဖလားပွဲအတွက် စိတ်လှုပ်ရှားနေပြီး လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းနဲ့အတူ ယှဉ်ပြိုင်ကစား သွားရမှာဖြစ်ပါတယ်။

Mocha

#sports.thithtoolwin.com

Src : Sky Sports

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment