မိုဗစ်ရဲ့ သွင်းဂိုးငြင်းပယ်ခံရပြီးနောက် ဗီဒီယိုနည်းပညာအသုံးပြုသင့်ပြီဖြစ်ကြောင်း မော်ရင်ဟိုပြော
အဲဗာတန်အသင်းနဲ့ ပွဲအတွင်း တိုက်စစ်မှူးဖြစ်သူ ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ပြီး ငြင်းပယ်ခံခဲ့ရပြီးနောက်မှာ မန်ယူအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုဟာ ဗီဒီယိုနည်းပညာနဲ့ ပွဲချိန်အတွင်းက ဆုံးဖြတ်ချက်တွေကို ကူညီဖို့အတွက် ပြောကြားလိုက်ပါတယ်။
ဆွီဒင်ကစားသမားဟာ ဒုတိယပိုင်းမှာ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပေမယ့် စည်းကြပ်ဒိုင်က အလံထောင်ခဲ့ပါတယ်။
Replay တွေကို ပြန်ကြည့်ရာမှာ မိုဗစ်ဟာ လူကျွံအနေအထားကနေ လွတ်ကင်းခဲ့တာကိုတွေ့ခဲ့ရတာကြောင့် မော်ရင်ဟိုက Linesman ရဲ့ ဆုံးဖြတ်ချက်ကို ငြင်းပယ်ပြီး ဗီဒီယို နည်းပညာကို အသုံးပြုသင့်ပြီဖြစ်ကြောင်း ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မော်ရင်ဟိုပြောခဲ့တဲ့ ဗီဒီယိုစနစ်ကို ပြင်သစ်နဲ့ စပိန်ပွဲမှာ အသုံးပြုခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် အနာဂါတ်မှာ အသုံးပြုဖို့ စီစဉ်နေတာပါ။
“ကျွန်တော်တို့ ဒီပွဲကို ၂-၁ဂိုးရလဒ်နဲ့ နိုင်ခဲ့သင့်တာပါ။ ဘာလို့လည်းဆိုတော့ အစောပိုင်းတစ်လုံးက လူကျွံမနေလို့ပါပဲ” လို့ BT Sport ကိုဆိုခဲ့ပါတယ်။
“စည်းကြပ်ဒိုင်အတွက်လည်း ဆုံးဖြတ်ရခက်မှာပါ။ ကျွန်တော်မငြင်းပါဘူး။ ဒါပေမယ့် ဗီဒီယိုနည်းပညာရောက်လာရင် နည်းပညာက စည်းကြပ်ဒိုင်ကို အကူအညီပေးမှာပါ” လို့ သူက ဆိုခဲ့ပါတယ်။
U Min Thant
#sport.thithtoolwin.com
Ref: Mirror
0 comments :
Post a Comment