Powered by Blogger.

အာဆင်နယ်က ထွက်ဖြစ်ခဲ့ရင် PSG နဲ့ ဂျူဗင်တပ်စ်တို့ထက် ချယ်လ်ဆီးကို ပိုမိုသွားလိုနေ


အာဆင်နယ်ကနေ ထွက်ခွာဖို့ သတင်းတွေပြေးနေတဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ အသင်းကနေ နွေရာသီမှာ ထွက်ခွာဖြစ်ခဲ့ရင် မြို့ခံပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးထံသွားရောက်လိုနေတယ်လို့ သတင်းတွေထွက်လာပါတယ်။

ချီလီလက်ရွေးစင်ကို ဥရောပအသင်းကြီးတွေအတော်များများ စိတ်ဝင်စားနေပေမယ့် သူကတော့ စိတ်ဓာတ်နဲ့ အရည်အချင်းပြည့်ဝနေတဲ့ အန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာပဲ အလုပ်လုပ်လိုနေခဲ့တာပါ။
PSG နဲ့ ဂျူဗင်တပ်စ်အသင်းတွေဟာ ဆန်းချက်ဇ်ကို အလိုရှိနေတာဖြစ်ပေမယ့် သူကတော့ လန်ဒန်မှာပဲ ဆက်လက်နေလိုနေတာဖြစ်ကြောင်း Telegraph ကလည်း ဖော်ပြထားပါတယ်။

ချယ်လ်ဆီးကတော့ အသက်၂၈နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ ဘာပြသနာမှမရှိပေမယ့် အာဆင်နယ်က ရောင်းချလိုခြင်းမရှိမှာကို တွေးပူနေကြပါတယ်။ ဒါပေမယ့် အလက်ဆစ်ဆန်းချက်ဇ်နဲ့ ဂန်းနားတို့ရဲ့ စာချုပ်ဟာ နောက်ရာသီကုန်ကျရင် အဆုံးသတ်မှာဖြစ်တာကြောင့် ချီလီကစားသမားဆက်လက်မကစားလိုတော့ရင် ရောင်းချဖို့ အခွင့်အရေးတစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။

 U Min Thant

#sport.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment