Powered by Blogger.

နေမာကို ခေါ်ယူဖို့မဖြစ်နိုင်ဘူးလို့ မန်ယူနည်းပြ မော်ရင်ဟိုပြော


မန်ယူအသင်းနည်းပြမော်ရင်ဟိုကတော့ ဘရာဇီးလ်စတားနေမာကို ဘာစီလိုနာအသင်းကနေ ခေါ်ထုတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။ နေမာကတော့ လောလောဆယ်မှာ ဘာစီလိုနာကလပ်အတွက်ရော ဘရာဇီးလ်အသင်းအတွက်ပါ အကောင်းဆုံး
ကစားပြနေပြီး ဒီကစားသမားကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းဟာ ယူရို ၈၈ သန်းအထိ အကုန်ကျရှိခဲ့တယ်လို့ သိရပါတယ်။

နေမာကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဘာကာနဲ့အတူ သက်တမ်းတိုးသာချုပ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီး နျူးကမ့်မှာ ပျော်ရွှင်လျက်ရှိနေပါတယ်။

သက်တမ်းတိုးစာချုပ်ကြောင့် နေမာရဲ့ တန်ကြေးဟာ ယူရိုသန်း ၂၀၀ အထိရောက်ရှိသွားခဲ့ပြီး ၂၀၂၁ အရောက်မှာမှ ကုန်ဆုံးမယ့် စာချုပ်အတွက် စာချုပ်လျော်ကြေးတွေပါ ပေးချေရမယ့်အနေအိထားကြောင့်ဖြစ်ပါတယ်။ လာမယ့် သုံးနှစ်အတွင်းမှာတော့ နေမာရဲ့ တန်ကြေးကယူရိုသန်း ၂၅၀ အထိရှိလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ဒီလိုတန်ကြေးမြင့်ကစားသမားကိုတော့ မန်ယူအသင်းက ကာလရှည်ကြာစိတ်ဝင်စားလျက်ရှိနေပြီး ဒီအခြေအနေကို နည်းပြမော်ရင်ဟိုက"ဒါက ခန့်မှန်းမှုသက်သက်တွေပါ။ ကျွန်တော့် ရည်ရွယ်ချက်ကို နေမာကိုခေါ်ဖို့မဟုတ်ပါဘူး။ ဒါကို ကလပ်ကလည်း နားလည်ပါတယ်
ဘာစီလိုနာလိုမျိုးအသင်းကလည်း ဒီလိုကစားသမားကို လွယ်လွယ်နဲ့လက်လွတ်မှာမဟုတ်ပါဘူး။ ဘာစီလိုနာမှာ မက်ဆီလိုကစားသမားမျိုးကလည်း အကောင်းဆုံးကစားပြနေပါတယ်။ နေမာလိုလူငယ်ဆို နောက်ထပ်မက်ဆီလိုဖြစ်လာနိုင်ပါတယ်" လို့ မော်ရင်ဟိုက ပြောကြားခြံပါတယ်။

နေမာကတော့ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၃၅ ပွဲကစားထားပြီး ၁၄ ဂိုးသွင်း ၂၃ ဂိုး ဖန်တီးမှုပြုလုပ်ထားနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။


Mocha

#sports.thithtoolwin.com

Ref : ESPN
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment