Powered by Blogger.

မန်ချက်စတာစီးတီးအသင်းနဲ့ သဘောတူညီမူရရှပြီဖြစ်တဲ့ မိုနာကိုစတား ဘာနာဒိုဆေးလ်ဗား


မိုနာကိုစတားဘာနာဒိုဆေးလ်ဗားဟာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမူရ၇ှိပြီလို့သိရပါတယ်။

ပြောင်းရွှေ့ ကြေးပေါင်သန်း၆၀နဲ့  နှစ်ဖက်အသင်းသဘောတူညီမူရရှိကာ မိုနာကိုစတားဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ ဆေးစစ်မူခံယူပြီးပြီးလို့သိရပါတယ်။ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာဟာ လာမယ့်ရာသီအတွတ်မိုနာကိုကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ပထမဦးဆုံးခေါ်ယူအားဖြည့် မူပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာအသင်းရဲ့ ညာနောက်ခံလူတွေဖြစ်တဲ့ ဇာဘလက်တာ၊ ဆက်ဂ်ညာ နဲ့ ကွင်းလယ်လူ ဂျီးဆပ်စ်နာဗက်တို့အားလုံးဟာ အသင်းကနေ ထွက်ခွာဖို့ အတည်ပြုသွားခဲ့ပြီမို့ လက်ရှိ မန်စီးတီးအသင်းရဲ့ ညာနောက်ခံလူ နေရာမှာ အသက် ၁၉ နှစ်အရွယ် မက်ဖီယို တစ်ဦးသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ပတ်ဂွာဒီယိုလာအနေနဲ့  နောက်ခံကစားသမားနေရာအတွက် ထပ်မံရှာဖွေမူပြုရဦးမှာဖြစ်ပါတယ်။


ပေါ်တူဂီစတားဘာနာဒိုဆေးလ်ဗားဟာဒီရာသီမှာ မိုနာကိုအသင်းအတွက် ကွင်းလယ်မှာအထူးခြေစွမ်းပြကစားပြီး  ပြင်သစ်လီဂူး 1ဖလားကို ကိုင်မြှောက်ပေးနိုင်ခဲ့ပါတယ်။ဘာနန်ဒိုဆေးလ်ဗားဟာ ယမန်နေ့ ညကမန်ချက်စတာကိုလေယာဉ်ဖြင့်ရောက်ရှိလာပြီး မန်စီးတီးအသင်းနဲ့ ဆေးစစ်မူခံယူကာ အပြောင်းရွှေ့ ကိုလက်ခံခဲ့ခြင်းဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

 Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment