Powered by Blogger.

အသင်းစံချိန်တင် လစာတိုးမြှင့်ပြီး ဆန်းချက်ဇ်ကို စာချုပ်သက်တမ်းတိုးသွားမယ့် အာဆင်နယ်



ယူရိုပါလိဂ်ဝင်ခွင့်ရ အာဆင်နယ်အသင်းကတော့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခုနစ်သောင်းအထိ တိုးမြှင့်ပေးသွားဖို့ ပြင်ဆင်နေပြီး အသင်းမှာ ဆက်ရှိနေစေဖို့ ကြိုးစားလျက်ရှိနေပါတယ်။

 အာဆင်နယ်တောင်ပံတိုက်စစ်ကစားသမားဟာ လတ်တလောမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ချိတ်ဆက်လျက်ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းက သူတောင်းသလောက် လစာပမာဏကို ပေးချေနိုင်ဖွယ်မရှိတာကြောင့် ပြောင်းရွှေ့ဖို့ အလှမ်းဝေးလျက်ရှိနေသေးတာပါ။

အာဆင်နယ်အသင်းကတော့ ဒါ့ကြောင့် လုပ်ခလစာကို တိုးမြှင့်ပေးသွားဖို့ အသင့်ဖြစ်နေပြီး လက်ရှိရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းလေးသောင်းကနေ ပေါင်နှစ်သိန်းခုနှစ်သောင်းအထိ တိုးမြှင့်စာချုပ်တော့မှာပါ။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ လာမယ့် ၂၀၁၈ နွေမှာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ချယ်လ်ဆီး ၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက ဒီကစားသမားကို စောင့်ကြည့်လျက်ရှိနေတာပါ။

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာလည်း အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၂၉ ဂိုးအထိ ရယူထားပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အသင်းက ဆန်းချက်ဇ်ကို အမ်းမရိတ်စ်မှာ ဆက်ရှိနေဖို့အတွက် ကြိုးစားနေပြီး အာဆင်နယ်သမိုင်းတစ်လျှောက် လုပ်ခအများဆုံးကစားသမားအဖြစ် ဆန်းချက်ဇ်တစ်ယောက် မှတ်တမ်းတင်ခံရဖွယ်ရှိနေပါတယ်။


Mocha

#sports.thithtoolwin.com

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment