Powered by Blogger.

ဘာလို့ချယ်လ်ဆီးကို ပြန်လာရတယ်ဆိုတဲ့အကြောင်းကို လုဇ်ထုတ်ဖော်


 ချယ်လ်ဆီးခံစစ်ကစားသမား ဒေးဗစ်လုဇ်ဟာ PSG ကနေ အပြာရောင် တွေထံကို ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ ပြန်လည် ပြောင်းရွှေ့ဖြစ်ခဲ့ပုံကို ထုတ်ဖော်ခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်အနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြန်လာရတာ စွန့်စားခဲ့ရကြောင်း၊ သူ့ရဲ့ အင်္ဂလန်နိုင်ငံကို ပြန်လာမှုဟာ အရမ်းကောင်းမွန်ကြောင်း ဆိုခဲ့တာပါ။

လုဇ်ဟာ ပြင်သစ်မှာ လွယ်ကူခဲ့ပေမယ့် ချယ်လ်ဆီးကို စိန်ခေါ်မှုတွေနဲ့ ပြန်လည် ရင်ဆိုင်လိုတာကြောင့် ပြန်လာခဲ့တာဖြစ်ကြောင်းဆိုပါတယ်။
“ကျွန်တော်ဟာ စွန့်စားမှုကို ရယူရတာ နှစ်သက်ပါတယ်..၊ ဒါ့ကြောင့်ချယ်လ်ဆီးကို ပြန်လာဖို့ဆိုတဲ့ စွန့်စားမှုကို ရယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်..။ အဲဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တဲ့အတွက် ကျေနပ်ခဲ့ရပါတယ်.။

ချယ်လ်ဆီးကိုပြန်လာဖို့အတွက် ပီအက်စ်ဂျီမှာ ရတဲ့လစာထက် နည်းပြီးလျော့ယူခဲ့ရတာပါ...။ ဒါပေမယ့်အဆင်ပြေပါတယ်..။ ဒီလိုစွန့်စားပေးဆပ်ခဲ့တဲ့အပေါ် ဘုရားသခင်က ကျွန်တော့်ကိုပြန်ပြီး စောင့်ရှောက်ခဲ့တဲ့အတွက်လည်း အရမ်းကိုကျေနပ်၊ ပျော်ရွှင်မိပါတယ်..။

၂၀၁၂ FA ဖလားပြိုင်ပွဲရဲ့ ဆုတံဆိပ်ကို ကျွန်တော်လက်ခံရယူခဲ့ပေမယ့် ပေါင်ကြွက်သားဒဏ်ရာကြောင့် လီဗာပူးလ်အသင်းနဲ့ ဗိုလ်လုပွဲကို ကျွန်တော်လွဲချော်ခဲ့ရပါတယ်..။ အဲဒီပွဲကို ကျွန်တော်မလွဲချင်ပါဘူး..၊ အဲဒီပွဲတင် မဟုတ်ပါ.. အသင်းရဲ့ပွဲတိုင်းကို ကျွန်တော်ပါဝင်ချင်ပါတယ်..၊ အသင်းအတွက် အမြဲတမ်းအကောင်းဆုံး ပေးဆပ်ချင်ပါတယ်..။" လို့ လုဇ်က ဆိုခဲ့ပါတယ်။

Bruce

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment