ရီးယဲလ်စတားဂါရတ်ဘေးဟာ ဒဏ်ရာပြသနာကြောင့် အချိန်တော်ကြာအနားယူနေရပြီး ပြန်လည်ကောင်းမွန်လာပြီးဖြစ်တာကြောင့် ရီးယဲလ်မတ်ဒရစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ အပြည့်အ၀ပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဘေးလ်ဟာ ဇွန်လ ၄ရက်နေ့ ကာဒစ်ကွင်းမှာဂျုဗီတပ်အသင်းနဲ့ ချန်ပီယံလိပ် ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဂါရတ်ဘေးဟာ မွေးရပ်မြေ ဖြစ်တဲ့ ဝေးနိုင်ငံ ကာဒစ်ကွင်းကြီးထဲမှာချန်ပီယံလိပ်ဆုဖလားကြီးကိုကိုင်မြှောက်ချင်နေတယ်လို့ သိရပါတယ်။ဘေးလ်ဟာ သူရဲ့ Twitter Account မှာ ‘ Back in training with the boys ,all focus towards Cardif,’ ဆိုပြီးပြောသွားခဲ့ပါတယ်။
အသက် ၂၇နှစ်ရှိပြီးဖြစ်တဲ့ တိုက်စစ်မူးဂါရတ်ဘေးဟာ ပြီးခဲ့တဲ့လာလီဂါနောက်ဆုံးပွဲစဉ် မာလာဂါအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလိုက်ပါအားပေးပြီး လာလီဂါဖလားသိမ်းပွဲမှာ အသင်းသားတွေနဲ့အတူအောင်ပွဲခံ ခဲ့ ပါတယ်။
နည်းပြဇီဒန်း အနေနဲ့ တိုက်စစ်မူးဂါရတ်ဘေးကြံ့ခိုင်မူအပြည့် နဲ့ ပြန်လည်ရောက်ရှိလာတဲ့အတွတ်အသင်းအတွတ်အားရကျေနပ်နေပြီ ဖိုင်နယ်ပွဲအတွတ်အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ဇီဒန်းအနေနဲ့ တိုက်စစ်မှာ Isco နဲ့ Bale ဘယ်သူ့ကိုပွဲထွက်ခွင့် ပေးမလဲဆိုတာစိတ်ဝင်းစားစရာကောင်းလှပါတယ်။
Mocha
#sport.thithtoolwin.com
Ref
0 comments :
Post a Comment