Powered by Blogger.

နည်းပြစပယ်လက်တီ ရိုးမားနည်းပြရာထူးကနေ ရုတ်တရက်နှုတ်ထွက်


ရိုးမားအသင်းကို ပဲ့ကိုင်လျက်ရှိနေတဲ့ နည်းပြ လူစီယာနို စပယ်လက်တီဟာ နည်းပြရာထူးကနေ ရုတ်တရက်နှုတ်ထွက်သွားခဲ့ပြီဖြစ်တယ်လို့ ရိုးမားအသင်းက တရားဝင်ကြေညာလိုက်ပါတယ်။ စီးရီးအေ ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့တဲ့ ရိုးမားအသင်းကနေ နှစ်ပေါင်းများစွာကစားခဲ့တဲ့ အသင်းခေါင်းဆောင် တော့တီလည်း အနားယူသွားခဲ့ပြီဖြစ်တာ အားလုံးသိကြမှာပါ။

ကလပ်ကို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာသေချာအောင် ပြုလုပ်ပေးနိုင်ခဲ့တဲ့ နည်းပြဟာ အင်တာမီလန်အသင်းက လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် သူ့ကို ကမ်းလှမ်းမှုတွေရှိနေတာကြောင့် အခုလို နှုတ်ထွက်သွားတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ရိုးမားအသင်းရဲ့ ဥက္ကဌ ပယ်လော့တာကတော့ "ကျွန်တော်တို့အနေနဲ့ သူ့ကို စာချုပ်သက်တမ်းတိုးချင်ခဲ့တာပါ။

သူ့ရဲ့ အကောင်းဆုံးလုပ်ဆောင်မှုတွေနဲ့ ဦးဆောင်နိုင်မှုတွေက အသင်းအတွက်ကောင်းကျိုးတွေအများကြီးဖြစ်ခဲ့ပါတယ်။ သူအသင်းကို တစ်ကျော့ ပြန်လာချိန်က စပြီး အခုထက်ထိ သူ့ဦးဆောင်မှုအောက်မှာ အသင်းဟာ သွင်းဂိုးတွေအများကြီးနဲ့ အမှတ်အများဆုံးကို ရရှိခဲ့ပါတယ်။ သူ့ကို နည်းပြအဖြစ်ဆက်ထားပြီး အနာဂတ်ကောင်းကို မျှော်မှန်းထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ နည်းပြ ပီအိုလီနေရာမှာ အစားထိုးဖို့ နည်းပြရှာနေတာဖြစ်ပြီး အင်တာဥက္ကဌ မိုရတ်တီက စပယ်လက်တီကို သူ့အသင်းအတွက်နည်းပြကောင်းအဖြစ် မြင်မိတယ်လို့ သဘောထားမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ရိုးမားအသင်းဟာ အသင်းခေါင်းဆောင်နေရာအတွက် ကွင်းလယ်လူ ဒီရော့စီကို ပေးအပ်သွားဖွယ်ရှိနေပြီး နည်းပြနေရာအတွက် လက်စတာနည်းပြဟောင်းနဲ့ ရိုးမားရဲ့နည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ ရာနီရေးရီကို ခေါ်ယူဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။


Mocha

#sports.thithtoolwin.com

Ref : Goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment