Powered by Blogger.

ပရီးမီးယားလိဂ်သို့ ပထမဆုံး အကြိမ်တန်းတက်ခွင့်ရရှိခဲ့တဲ့ ဟတ်ဒါဖီးလ်အသင်း



ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန်အတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ချန်ပီယံရှစ် ပွဲစဉ်မှာ ဟတ်ဒါဖီးလ်အသင်းက ရက်ဒင်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်တွင် ၄ -၃ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

အဆုံးအဖြတ်ပွဲယှဉ်ပြိုင်ကစားခဲ့ရာတွင် မိနစ်(၉၀)အတွင်း ဂိုးမရှိသရေကျခဲ့သလို၊ အချိန်ပိုတွင်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သည့်အတွက် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။


ပယ်နယ်တီကန်သွင်းရာမှာတော့ ဟတ်ဒါဖီးလ်အသင်းမှ နောက်ခံလူ ဟီဖီလီ၏ကန်သွင်းမှုကို ရက်ဒင်းဂိုးသမား အယ်လ်ဟတ်ဘ်ဆီက ကာကွယ်နိုင်ခဲ့သည့်အတွက် ရက်ဒင်းအသင်း အသာစီးရရှိခဲ့သော်လည်း ဟတ်ဒါဖီးလ်အသင်းက နောက်ဆုံး(၃)ကြိမ်စလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး ရက်ဒင်းအသင်းက နှစ်ကြိမ်စလုံး ဂိုးမရရှိခဲ့သည့်အတွက် အရှုံးပေးခဲ့ရခြင်းဖြစ်ပါတယ်။

ဟတ်ဒါဖီးလ်အသင်းဟာ ပရီးမီးယားလိဂ်သို့ ပထမဆုံးအကြိမ် တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိနိုင်ခဲ့ပါတယ်။

 Mocha

#sport.thithtoolwin.com

 Ref: Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment