ပထမအကျော့မှာ လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ကနေ နှုတ်ဆက်ရမယ်လို့ အားလုံးက ထင်နေကြတဲ့ ဘာစီလိုနာအသင်းကတော့
ပီအက်စ်ဂျီအသင်းကို နောက်ဆုံးမိနစ်တွေမှာ သုံးဂိုးသွင်းယူသွားပြီး ခြောက်ဂိုးတစ်ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဒီရလဒ်ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၆-၅ နဲ့ ဘာစီလိုနာအသင်းကနောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
MSN တိုက်စစ်ရဲ့ နိုင်လိုစိတ်ပြင်းပြမှုကြောင့် ပီအက်စ်ဂျီနောက်တန်းတွေ ထိန်းရတာအခက်တွေ့ခဲ့ပြီး ပြစ်ဒဏ်ဘောတွေလည်း မကြာခဏပေးခဲ့ရပါတယ်။ နေမာရဲ့တိုးအားကြောင့် ပီအက်စ်ဂျီနောက်တန်းတွေ အလုပ်ရှုပ်နေခဲ့ပြီး ထိန်းချုပ်ပုံမပါးနပ်တာကြောင့် ပင်နယ်တီ ပြစ်ဒဏ်ဘော နှစ်ဂိုးပေးခဲ့ရပါတယ်။
ဘာစီလိုနာဘက်က ခပ်ကြမ်းကြမ်းကစားပုံတွေနဲ့ ဂိုးဧရိယာတွင်းမှာ လက်ထိဘောတွေဖြစ်ခဲ့ပေမယ့်လည်း ဒိုင်က ပွဲထိန်းထားခဲ့တာကြောင့် ပီအက်စ်ဂျီတို့နစ်နာခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
ပွဲအစ သုံးမိနစ်မှာ ဆွာရက်ဇ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး မိနစ် ၄၀ မှာ ကာဇာဝါက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် ဘာကာတို့ ပထမပိုင်းမှာနှစ်ဂိုးတည်းနဲ့ အနိုင်ရနေခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ မက်ဆီရဲ့ ပင်နယ်တီဂိုးတစ်ဂိုးထပ်ရခဲ့ပါတယ်။ ဘာစီလိုနာရော ပီအက်စ်ဂျီအသင်းကါ
အပြန်အလှန်ထိုးဖောက်ကစားခဲ့ပြီး ကာဗာနီက ၆၂ မိနစ်မှာ တစ်ဂိုးပြန်ချေပခဲ့ပါတယ်။
ကံအလှည့်အပြောင်းကတော့ ပွဲချိန် ၈၈ မိနစ်နောက်ပိုင်းမှာ ဖြစ်လာခဲ့ပြီး နေမာရဲ့ ပြစ်ဒဏ်ဘောတိုက်ရိုက်ကန်သွင်းမှုနဲ့ မိနစ် ၉၀ မှာ ဆွာရက်ဇ်ယူပေးတဲ့ ပင်နယ်တီကနေတစ်ဆင့် နေမာက
သွင်းယူပေးနိုင်ခဲ့တာကြောင့် ၅-၁ ဂိုးရလဒ်ဖြစ်နေခဲ့ပါတယ်။
နာကျင်အချိန်ပို ငါးမိနစ်မှာတော့ ဆာဂျီယိုရောဘတ်တိုက ပြစ်ဒဏ်ဘောတင်ပေးတာကို ဘောလုံးလမ်းကြောင်းပြောင်းပြီး ဂိုးရယူနိုင်ခဲ့တာြောာင့်
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်တစ်လျှောက်သမိုင်းဝင်မယ့် အကောင်းဆုံး Comeback နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
Mocha
#sports.thithtoolwin.com
Src : DailyMail
0 comments :
Post a Comment