ဟာဇက်ဟာ ချယ်လ်ဆီးရဲ့ ဝက်စ်ဟမ်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အထူးအဆန်းဖြစ်စရာ အချို့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူကတာ့ ဘယ်လ်ဂျီယမ်စတား ဟာဇက်ပါပဲ။
ဟာဇက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပွဲရဲ့ ပွဲချိန်၂၅မိနစ်မှာ သူ့ဆီလာတဲ့ ဘောလုံးကို ကျောနဲ့ထိန်းပြီး အသင်းဖော်ဖြစ်သူ ကန်တေထံ ပြန်ချပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့တာပါ။
ဟာဇက်အနေနဲ့ ဆက်စ်ဖာဘရီဂတ်စ်တင်ပေးလိုက်တဲ့ ဖြတ်တင်ဘောကို ကျောနဲ့အသာပွတ်ထိန်းပြီး အန်ဂိုလိုကန်တေထံ လမ်းကြောင်းပြောင်းပေးခဲ့တာပါ။ ဒါကြောင့် ဘောလုံးဖြတ်တင်သူ၊ ထိန်းသူနဲ့ လက်ခံသူတို့ သုံးယောက်အကြားမှာ ဆက်သွယ်နေတဲ့ စိတ်ဝိဥာဏ်တစ်ရပ်ရှိနေတယ်လို့ အင်္ဂလန်မီဒီယာတွေက ချီးမွန်းခဲ့ကြပါတယ်။
ဒီယေဂိုကော်စတာဟာ ဒီပွဲမှာ ဒုတိယမြောက် ဦးဆောင်ဂိုးကို ဟာဇက်ရဲ့ မှော်ဆန်တဲ့ လုပ်ရပ်အပြီး တစ်မိနစ်အကြာမှာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟာဇက်က “ကျွန်တော်တို့ ဒီရာသီရဲ့ အကောင်းဆုံးပွဲတစ်ပွဲအဖြစ် မကစားနိုင်ခဲ့ပါဘူး” လို့ မှတ်ချက်ချခဲ့ပါတယ်။
ဒီလိုမှော်ဆန်တဲ့ လုပ်ရပ်က အင်္ဂလန်မှာ အထူးအဆန်းဖြစ်နေပေမယ့် စပိန်မှာတော့ ဘာမှပြောပလောက်စရာမဟုတ်ပဲ ကစားသမားတိုင်းလိုလိုလုပ်နိုင်တဲ့ လှည့်ကွက်လို့လည်း စပိန်လာလီဂါပရိတ်သတ်တွေက လူမှုကွန်ယက်တွေမှာ သရော်ခဲ့ကြပါတယ်။
ဟာဇက်ရဲ့ Magic Trick ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
U Min Thant
#sports.thithtoolwin.com
Src : Metro
0 comments :
Post a Comment