အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန်အသင်းနဲ့ ပွဲစဉ်မှာ ဒုတိယဂိုးပေးလိုက်ရတဲ့အချိန်မှာ ပွဲကြည့်စင်ပေါ်ကနေ ပြုံးဖြီးဖြီးအမူအယာ ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။
ချီလီတိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်အတွင်းက ချန်လှပ်ခံခဲ့ရရာကနေ ဒီနေ့မှာတော့ အဓိက လူစာရင်းမှာ ပြန်လည်ပါဝင်ခဲ့ပေမယ့် အကောင်းဆုံး ညတစ်ညတော့မဖြစ်ခဲ့ပဲ ပထမအကျော့ရလဒ်အတိုင်း ၅-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။
ဒီပွဲမှာ ၁-၁ဂိုးနဲ့ သရေကျနေခဲ့ပြီး သူလည်း လူစားအလဲခံခဲ့ရပါတယ်။ များမကြာခင်မှာပဲ အာဆင်နယ်ဟာ ဒေါက်ဂလက်စ်ကကော်စတာရဲ့ သွင်းဂိုးနဲ့ဦးဆောင်ခံရတဲ့အချိန်မှာ ဆန်းချက်ဇ်ဟာ ဘေးနားက ပီတာဆက်ခ်ျနဲ့ တစ်စုံတစ်ခုပြောနေရင်း ပြုံးစိစိ အမူအယာလုပ်နေခဲ့တာပါ။
ဆန်းချက်ဇ်ဟာ အသင်းပြောင်းဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ပြီးခဲ့တဲ့လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတုန်းကလည်း အလားတူ အမူအယာလုပ်ခဲ့တာကြောင့် သတင်းတွေရဲ့ စိတ်ကြိုက်ဖြစ်ခဲ့ရပါတယ်။ ယခုတစ်ဖန်ဒီလိုပြုလုပ်မှုဟာ သူ့ရဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ သန္နိဌာန်ကို ပြသလိုက်သယောင်ပါပဲ။ \
အာဆင်နယ်အသင်းဟာ ဒီပွဲကို ရှုံးနိမ့်ပြီး အင်္ဂလန်ကလပ်တွေရဲ့ ဥရောပပြိုင်ပွဲတွေမှာ အဆိုးရွားဆုံးရှုံးနိမ့်မှုတွေအဖြစ် စံချိန်မှတ်တမ်းဆိုးတွေ တင်ရှိခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်မှာလည်း အာဆင်နယ်ပရိတ်သတ်တွေက ကွင်းရှေ့နဲ့ ကွင်းထဲမှာ အာစင်ဝင်းဂါးကို ထုတ်ပယ်ဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။
U Min Thant
#sports.thithtoolwin.com
Src : Metro
0 comments :
Post a Comment