ဂယ်ရီနဗီးလ်ဟာ အီဒင်ဟာဇက်အနေနဲ့ ရီးယဲလ်ရဲ့ ဂါရက်ဘေးလ်နဲ့ ဘာစီလိုနာရဲ့ နေမာတို့ရဲ့ အဆင့်ကိုရောက်လာပြီး ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး ဖြစ်လာပြီဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးကစားသမားဟာ အန်တိုနီယိုကွန်တီရဲ့ Title ရဖို့ ရေပန်းစားနေတဲ့ အသင်းမှာ ပရီးမီးယားလိဂ်ဂိုး ၁၀ဂိုးရရှိထားပြီး ၂၅ကြိမ်အထိ ဖန်တီးမှုတွေပြုလုပ်ထားခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၁၅/၁၆ ခုနှစ်ရာသီမှာ ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် ဟာဇက်ဟာ မန်ယူဂန္ဓဝင်နောက်ခံလူရဲ့ လီယွန်နယ်မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ နောက်နားက နေရာတစ်နေရာကို ရောက်ရှိလာတာဖြစ်ကြောင်း ချီးမွန်ခံရတာပါ။ “ဟာဇက်မှာ နေမာနဲ့ ဘေးလ်တို့လို ကမ္ဘာထိပ်ဆုံး သုံးလေးငါးယောက်ထဲကို ဝင်ရောက်နိုင်တဲ့ စွမ်းရည်တွေရှိနေပါတယ်” လို့ The Beautiful Game အစီအစဉ်မှာ ပြောကြားခဲ့တာပါ။
“ခရစ္စတီယာနိုနဲ့ မက်ဆီတို့ဟာ သူတို့ရဲ့ ကမ္ဘာခြေစွမ်းတွေကို ပိုင်ဆိုင်ထားတာ အားလုံးလည်းသိကြမှာပါ။ ဒါပေမယ့် ဘေးလ်၊ နေမာတို့ကို စဉ်းစားလိုက်ရင်တော့ ဟာဇက်ကိုလည်း သူတို့နဲ့ တစ်တန်းတည်းထည့်သွင်းရမှာပါ” လို့ သူကဆက်လက်ပြောကြားပါတယ်။
https://youtu.be/LWw-yzB-mXw?t=231
U Min Thant
#sports.thithtoolwin.com
Src : Metro
0 comments :
Post a Comment