ဇာဗီအလွန်ဆိုဟာ ဒီရာသီကုန်ကျရင် ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ အသက် ၃၅နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်ကစားသမားဟာကစားသမားဘဝရဲ့ နောက်ဆုံးရာသီကို လက်ရှိအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်မှာ ကုန်ဆုံးတော့မှာပါ။
အလွန်ဆိုဟာ League Title ကို ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်အစရှိတဲ့ အသင်းတွေနဲ့အတူ ရရှိခဲ့ပြီး ချန်ပီယံလိဖလားကိုလည်း စပိန်နဲ့ လီဗာပူးအသင်းတွေနဲ့အတူ ရရှိခဲ့ပါတယ်။ ကွင်းလယ်လူဟာ စပိန်နဲ့အတူ ကမ္ဘာ့ဖလားကိုလည်း ၂၀၁၀ခုနှစ်မှာ ရရှိခဲ့ပြီး ယူရိုဖလားကိုလည်း ၂၀၀၈နဲ့ ၂၀၁၂ခုနှစ်မှာ ရရှိခဲ့ပါတယ်။
‘ဒါကလွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်မှန်မယ်လို့ ယုံကြည်ပါတယ်’ လို့ FC Bayern.tv နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။ ‘ကျွန်တော်က ကျွန်တော့်ကစားသမားဘဝကို အမြဲတမ်းထိပ်တန်းမှာ ထားချင်ခဲ့ပါတယ်။ ဘိုင်ယန်ဟာထိပ်တန်းအဆင့်ပါပဲ။ ကျွန်တော် ဘိုင်ယန်မှာကစားရတာ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ရပ် အဖြစ်ပါဝင်ရတာ အရမ်းဂုဏ်ယူ၊ ပျော်ရွှင်ပါတယ်’ လို့ သူက ဆက်ပြောပါတယ်။
U Min Thant
#sports.thithtoolwin.com
Ref: Metro
0 comments :
Post a Comment