ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဒေးဗစ်လုဇ်ကို လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဗဟိုနောက်ခံလူအဖြစ် ချယ်လ်ဆီး ဂန္ဒဝင်ကစားသမား ဖရန့်လမ်းပတ်က သတ်မှတ်ခဲ့ပါတယ်။
ဘရာဇီးလ်နောက်ခဲ့လူ အနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ၂၀၁၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ သုံးနှစ်တိုင်ကစားပြီး PSG အသင်းကို ပေါင်သန်း ၅၀နဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့တာပါ။
အဲ့ဒီနောက် လန်ဒန်ကလပ်ဆီပြန်ဖို့ ဆန္ဒပြင်းပြခဲ့တာကြောင့် ပေါင် ၃၄သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီက ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အသက် ၂၉နှစ်အရွယ်ကစားသမားဟာ နည်းပြဖြစ်သူ ကွန်တီရဲ့ ယုံကြည်ကိုးစားမှုကိုခံရပြီး ချယ်လ်ဆီးမှာ ပုံမှန်ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပုံမှန်နေရာတစ်နေရာနဲ့အတူ အသင်းနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့တာပါ။
ဒါကြောင့် အသင်းရဲ့ အိုင်ကွန်ကစားသမား လမ်းပတ်က သူဟာ အင်္ဂလန်မှာဆိုရင် သူ့နေရာအတွက် အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။
‘သူရင့်ကျက်လာပါပြီ၊ အခုဆိုသူဟာ ဒီကလပ်ကနေ မထွက်ခွာသွားခင်ကထက် ပိုကောင်းတဲ့ ကစားသမားဖြစ်နေပါပြီ‘ လို့ ဖရန့်ကဆိုခဲ့တာပါ။ ‘သူ့ခံစစ်စွမ်းရည်ဟာ တကယ့်အပျံစားပါပဲ၊ တိုးတက်လာတဲ့ ကစားသမားတစ်ယောက်ဆိုတာ သိပ်သေချာပါတယ်၊ လိဂ်မှာဆိုရင် ယနေ့ခေတ်ရဲ့ အကောင်းဆုံး ကစားသမားတောင် ဖြစ်နိုင်ပါတယ်’ လို့ ဆက်လက်ပြောကြားပါတယ်။
U Min Thant
#sports.thithtoolwin.com
Ref: Metro
0 comments :
Post a Comment