ဘိုင်ယန်ကို ရှုံးတဲ့ပွဲမှာ ဆန်းချက်ဇ်ရယ်နေတာ မဟုတ်ကြောင်းဖြေရှင်းခဲ့တဲ့ပီတာချက်
ပီတာချက်ဟာ ဘိုင်ယန်ကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အလက်ဆစ်ဆန်းချက်ဇ်ကရယ်နေတယ်ဆိုတဲ့ ဖော်ပြမှုတွေကို ငြင်းဆန်ခဲ့ပါတယ်။
ချီလီလက်ရွေးစင်ဟာ ဂန်းနားတွေရဲ့ ၅-၁ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအတွင်းမှာ အရန်ခုံကနေ လှမ်းပြီး ပြုံးဖြီးဖြီးလုပ်နေခဲ့တယ်လို့ မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြတာပါ။
ဒါပေမယ့် ချက်ကတော့ ဆန်းချက်ဇ်အနေနဲ့ ရှုံးနေတာကို ဖြေသာအောင်ပြုလုပ်နေတာပဲ ဖြစ်ကြောင်း သိရပါတယ်။ ဂိုးသမားဖြစ်သူရဲ့ ပြောကြားချက်အရ ‘သူရောကျွန်တော်ရောဝမ်းနည်းနေကြတာပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ “ငါတို့ဒုတိယဂိုးရခဲ့ရင် အားလုံးပြောင်းလဲသွားမှာ” လို့ပြောနေတဲ့အချိန် ကျွန်တော်တို့အားမလိုအားမရ ရယ်လိုက်ကြတာပါ။
ဒါပေမယ့် ဓာတ်ပုံကို အခုလိုတမင်ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်လိုက်ပြီးအခုလို သတင်းတွေဖြန့်ခဲ့ကြတာပါ’ လို့ချက်က ဆိုခဲ့ပါတယ်။
ဆန်းချက်ဇ်ဟာ အသင်းပြောင်းဖို့ သတင်းတွေနဲ့ မတည်မငြိမ်ဖြစ်နေချိန်မှာ ဒီလိုသတင်းနဲ့ ပုံတွေထွက်လာတော့ အားလုံးက ဝိုင်းဝန်းရေးသားခဲ့ကြပါတယ်။
U Min Thant
#sport.thithtoolwin.com
Ref: Metro
0 comments :
Post a Comment