Powered by Blogger.

မန်ယူအသင်းရဲ့ လာမယ့်ရာသီမှာဝတ်ဆင်နိုင်ခြေရှိတဲ့ ဝတ်စုံဒီဇိုင်းပေါက်ကြားလာ




မန်ယူအသင်းရဲ့ ၂၀၁၇/၁၈ခုနှစ် မှာ ဝတ်ဆင်နိုင်ခြေရှိတဲ့ ဝတ်စုံရဲ့ ပုံရိပ်တစ်ခု အွန်လိုင်းပေါ်မှာ ပေါက်ကြားလာခဲ့ပါတယ်။ သရဲနီတို့အတွက် Nike နဲ့အတူ နောက်ဆုံးလက်တွဲခဲ့တဲ့ ရာသီတုန်းက ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဒီဇိုင်းနဲ့ တူညီပါတယ်။

 ပုံစံကတော့ ရိုးရှင်းတဲ့ပုံစံနဲ့ Classic ဒီဇိုင်းပုံစံမျိုးပဲဖြစ်ပါတယ်။
 ဒါပေမယ့် ပုံစံအနေအထားကတော့ အနီရောင်ပြောင်နဲ့ ကာလာအနည်းငယ်သာ ဖောက်ထားတဲ့ ပုံစံမျိုးပါပဲ။

မန်ယူရဲ့ ဒီနှစ်အင်္ကျီဟာ သာမန်ပုံစံထက်ကို အလယ်ပိုင်းမှာ အကွက်တွေနဲ့ လိုင်းဖောက်ထားတဲ့ ပုံစံဖြစ်တာကြောင့် ပိုပြီး ဒီဘက်ခေတ်ဆန်တာကို တွေ့ရမှာပါ။

ပုံစံကျအတိုင်း အဖြူရောင်ဘောင်းဘီနဲ့ အနက်ရောင်ခြေအိတ်တွေက ယူနိုက်တက်ရဲ့ အိမ်ကွင်းဝတ်စုံမှာ ပါဝင်နေဦးမှာ ဖြစ်ပြီး ပုံစံအတိအကျတော့ထွက်မလာသေးပါဘူး။

U Min Thant

 #sport.thithtoolwin.com
Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment