Powered by Blogger.

အင်္ဂလန်အသင်းရဲ့ အဝေးကွင်းဝတ်စုံသစ်နဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်


မားကပ်စ် ရပ်ရှ်ဖို့ကတော့ အင်္ဂလန်အသင်းရဲ့ အဝေးကွင်း ဝတ်စုံကို ဝတ်ဆင်ပြီး ပိုစတာရိုက်ကူးခဲ့ပါတယ်။

နိုက်ကီကုမ္ပဏီက စပွန်ဆာပေးထားတဲ့ နက်ပြာရောင် ဝတ်စုံဟာ အနီရောင်ပြီးရင် နောက်နွေကနေစလို့ ရုရှားမှာပြုလုပ်မယ့် ကမ္ဘာ့ဖလားအထိ ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ၁၉နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ကမ္ဘာ့ဖလားပွဲကြီးအထိ ပါဝင်သွားနိုင်ကြောင်းလည်း သိရပါတယ်။

အင်္ဂလန်အသင်းဟာ ဒီဝတ်စုံကို ပထမဆုံးအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဒေါ့မွန်မှာပြုလုပ်မယ့် ဂျာမနီအသင်းနဲ့ ချစ်ကြည်ရေးပွဲမှာဝတ်ဆင်ကစားသွားမှာပါ။


ရက်ရှ်ဖို့ဒ်ဟာလည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာပါဝင်လာခဲ့ပါတယ်။ ဆယ်ကျော်သက်ကစားသမားအနေနဲ့ ယူနိုက်တက်အတွက်ေ၇ာ အင်္ဂလန်အတွက်ပါ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ပွဲမှာကတည်းက ပါဝင်ကစားပေးထားခဲ့တာပါ။

ဝတ်စုံသစ်ဟာ ဈေးနှုန်းအနေနဲ့၁၀၁ပေါင်အထိ ရှိမှာဖြစ်ပါတယ်။ သာမန် Adult ဝတ်စုံနဲ့ ကလေးဝတ်စုံတွေအတွက်ကတော့ ပေါင် ၆၀နဲ့ ၈၄ပေါင် အသီးသီးဈေးနှုန်းရှိမှာဖြစ်ကြောင်း သိရပါတယ်။

U Min Thant

#sports.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment