Powered by Blogger.

မန်ယူအသင်းကို စွန့်ခွာပြီး အမေရိကန်မြေကို ပြောင်းရွှေ့တော့မယ့် ရှဝိန်းစတိုင်ဂါ


မန်ယူအသင်းမှာ နေရာမရဖြစ်နေတဲ့ ဂျာမန်လူမျိုးကွင်းလယ်လူ ရှဝိန်းစတိုင်ဂါကတော့ မကြာခင်မှာ အမေရိကန်မေဂျာလိဂ်အသင်းဖြစ်တဲ့ ချီကာဂိုဖိုင်းယားအသင်းကို ပြောင်းရွှေ့ကစားတော့မယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။

ချီကာဂိုအသင်းကတော့ ရှဝိန်းစတိုင်ဂါကို စိတ်ဝင်စားနေတာ အတော်ကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလတုန်းကရင်း  ချိတ်ဆက်နေခဲ့တာပါ။

 "ကျွန်တော်တို့ ပြိုင်ပွဲတိုင်းကို အနိုင်ရခဲ့ဖူးပြီး အရည်အသွေးအရမ်းမြင့်မားခဲ့တဲ့ ကစားသမားတစ်ယောက်ကို အလိုရှိနေတာပါ။ သူက ကျွန်တော်တို့အသင်းရဲ့ တန်ဖိုးနဲ့ စိတ်ဓာတ်ကို ညီညွှတ်အာင်ဦးဆောင်ကစားပေးနိုင်မယ်လို့ ထင်ထားပါတယ်" လို့ ချီကာဂိုဖိုင်းယားအသင်းရဲ့ နည်းပြ နယ်လ်ဆင်က ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်ခဲ့တဲ့ ရှဝိန်းစတိုင်ဂါကတော့ မန်ယူအသင်းကို ၂၀၁၅ ခုနှစ်တုန်းက ပြောင်းရွှေ့လာခဲ့ပြီး နည်းပြသစ်မော်ရင်ဟိုလက်ထက်မှာ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးတွေ ရှားပါးနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဒါ့ကြောင့် ဥရောပက ကစားသမားကြီးတွေရဲ့ ကစားသမားဘဝနေဝင်ရာအရပ်ဖြစ်တဲ့ အမေရိကန်မေဂျာလိဂ်မှာပဲ ကစားသမားဘဝကုန်ဆုံးတဲ့အထိ ကစားသွားဖို့အတွက် ရှဝိန်းစတိုင်ဂါက စဉ်းစားနေတာလည်းဖြစ်ပါတယ်။


Mocha

#sports.thithtoolwin.com

Ref : ESPN
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment