Powered by Blogger.

ဒေါ့မွန်နည်းပြသောမတ်စ်တူချယ်လ်ကို ချဉ်းကပ်နေတယ်ဆိုတဲ့ သတင်းကို အာဆင်နယ်အသင်းငြင်းဆို



အာဆင်နယ်အသင်းကတော့ နည်းပြနေရာအတွက် ဒေါ့မွန်အသင်းရဲ့ လက်ရှိနည်းပြ သောမတ်စ်တူချယ်လ်ကို ချဉ်းကပ်လျက်ရှိနေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပြီး လက်ရှိနည်းပြ အာစင်ဝင်းဂါးကိုသာ ဆက်လက်တာဝန်ယူစေဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဂျာမန်အားကစားသတင်းစာတစ်ခုဖြစ်တဲ့ Bild က အသက် ၄၃ နှစ်အရွယ် တူချယ်လ်ကို မြောက်လန်ဒန်ကလပ်က မျက်စိကျနေပြီး  ကာလရှည်စာချုပ်တစ်ရပ်နဲ့ ခေါ်ယူလိုနေတယ်လို့ ဖော်ပြခဲ့တာပါ။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းကတော့ ဘယ်နည်းပြကိုမှ
ချဉ်းကပ်မှုမပြုလုပ်ထားဘူးလို့ ကြေညာခဲ့ပြီး အာစင်ဝင်းဂါးရဲ့ အနာဂတ်ကို အာစင်ဝင်းဂါးကိုယ်တိုင်သာဆုံးဖြတ်သွားမယ့် အလားအလာကများပြားနေတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်နွေရာသီတုန်းက ဒေါ့မွန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ တူချယ်လ်ဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းကို ဘိုင်ယန်အသင်းရဲ့နောက် ဘွန်ဒက်စ်လီဂါရဲ့ ဒုတိယနေရာမှာ ရပ်တည်နေစေပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်လ်အဆင့်ကို ပို့ဆောင်ပေးထားပါတယ်။

အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့တာ ၂၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ အာစင်ဝင်းဂါးကတော့ လောလောဆယ်အထိ အာဆင်နယ်နဲ့  သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခြင်းမရှိသေးပါဘူး။ ဝက်စ်ဘရွန်းအသင်းကို သုံးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အာစင်ဝင်းဂါးက
"ကျွန်တော် အနာဂတ်မှ ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ဟာကိုယ်သိနေပါတယ်။ ကျွန်တော်မကြာခင်မှာ ခင်ဗျားတို့ကို အသိပေးသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။


လောလောဆယ်မှာတော့ အာဆင်နယ်ပရိသတ်တွေဟာ အာစင်ဝင်းဂါးကို နည်းပြရာထူးကနေ ဖယ်ရှားပေးဖို့ ဆန္ဒပြနေကြပြီး  အာဆင်နယ်အသင်းဟာ နည်းပြသစ်အဖြစ် ဒေါ့မွန်နည်းပြ တူချယ်လ် ၊ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီနဲ့ ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ် တို့ကို လျာထားလျက်ရှိနေတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။


Mocha

#sports.thithtoolwin.com

Ref : DailyMail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment