Powered by Blogger.

အိမ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့ သရေကျခဲ့တဲ့ မန်စီးတီး


 မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တစ်ဂိုးစီသရေကျပြီး အရှုံးအနိုင်ရလဒ်မပေါ်ခဲ့ပါဘူး။


အခုလို သရေရလဒ်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်လျက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးတို့ ၁၂ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ ချယ်လ်ဆီးအသင်းနဲ့ ၁၃ မှတ်အထိ ကွာသွားကာ အဆင့်လေးနေရာမှာရပ်တည်လျက်
ရှိနေပါတယ်။


ဝက်စ်ဘရွန်းအသင်းကို သုံးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ရမှတ် ၅၀ နဲ့ မစ်ဒယ်ဘရော့အသင်းကို အနိုင်ရခဲ့တဲ့  မန်ယူအသင်းရဲ့ ကျော်တက်မှုကို ခံလိုက်ရပြီး အဆင့် ၆ နေရာကို ရောက်ရှိနေပါတယ်။

မန်စီးတီးအသင်းရော လီဗာပူးလ်အသင်းပါ အင်တိုက်အားတိုက်ကစားခဲ့ကြပြီး ပွဲကောင်းတစ်ပွဲအဖြစ်ခံစားလို့ရခဲ့ပါတယ်။ မထင်မှတ်ထားတြံ အနေအထားကနေ တိုက်စစ်ကစားပုံတွေက ပရိသတ်အတွက်ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပြီး သရေရလဒ်နဲ့ ထိုက်တန်တဲ့ပွဲကောင်းတစ်ပွဲလို့
ပြောရမှာပါ။


လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား မာနေရဲ့ တိုက်စစ်ဆင်မှုတွေကို မန်စီးတီးနောက်တန်းခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး မန်စီးတီးဂိုးသမား ကာဘယ်လာရိုကလည်း အကောင်းဆုံးလက်စွမ်းတစ်ရပ်ကို ပြသနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်း ဂိုးမရခဲ့တာပါ။

လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုကို ကလစ်ချီအဝင်ကြမ်းခဲ့လို့ မန်စီးတီးအသင်း ပင်နယ်တီပေးခဲ့ရပြီး ဂျိမ်းမီလ်နာက အမှားအယွင်းမရှိ  ကန်သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ဒီဘရိုင်းရဲ့ ကောင်းမွန်တဲ့ ပေးပို့မှုကနေတစ်ဆင့် အဂွဲရိုးပိတ်သွင်းယူသွားရာကနေ ဂိုးရသွားခဲ့ပြီး ပွဲပြီးတဲ့အထိ ဂိုးထပ်မရရှိခဲ့ကြတာကြောင့် တစ်ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။


မန်စီးတီးအသင်းပွဲထွက်လူစာရင်း : Caballero, Fernandinho, Stones, Otamendi, Clichy, Yaya Touré (Sagna 65), Sané (Fernando 83), De Bruyne, Silva, Sterling, Agüero

အရန်များ : Bravo, Nolito, Kolarov, Iheanacho, A. Garcia

လီဗာပူးလ်အသင်းပွဲထွက်လူစာရင်း :  Mignolet, Clyne, Matip, Klavan, Milner, Can, Wijnaldum, Lallana, Mane, Coutinho (Origi 73), Firmino (Lucas 89)

အရန်များ : Karius, Moreno, Alexander-Arnold, Woodburn, Lucas, Lovren,




Mocha

#sports.thithtoolwin.com

Ref : mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment