Powered by Blogger.

ရီးရဲလ်ကိုပြောင်းမှာမဟုတ်ကြောင်း ကော်တွားငြင်း


ချယ်လ်ဆီး ဂိုးသမား သီဘောက်ကော်တွားဟာ လာမယ့် နွေရာသီကျရင် ရီးရဲလ်ကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆန်လိုက်ပါတယ်။
ချန်ပီယံလိဂ်ချန်ပီယံအသင်းအနေနဲ့ ဂိုးသမားဖြစ်တဲ့ ကေလာနာဗက်စ်ကို ဘယ်လ်ဂျီယမ်လက်ရွေးစင်ကစားသမားနဲ့ ရာသီကုန်ကျရင် အစားထို့ဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်နေတာပါ။

သူ့အနေနဲ့ နောက်ရာသီမှာ မက်ဒရစ်ကို ပြောင်းတော့မလားဆိုတာကို မေးမြန်းခဲ့ရာမှာ ကော်တွားက ပြောင်းရွှေ့ဖြစ်မှာမဟုတ်ကြောင်း ဆိုခဲ့တာပါ။
“ကျွန်တော်ကိုယ့်ကိုယ်ကို ရီးရဲလ်မက်ဒရစ်မှာ မမြင်ချင်ပါဘူး။ ချယ်လ်ဆီးမှာပဲမြင်ချင်ပါတယ်။ ချယ်လ်ဆီးဟာ လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက ကျွန်တော် ဘယ်လ်ဂျီယမ်မှာ ကစားတာတွေ့ပြီး စာချုပ်ချုပ်ဖို့အခွင့်အရေးပေးခဲ့တာပါ။ အဲ့ဒီအပြင် အက်သလက်တီကိုမှာလည်း သုံးနှစ်ကစားဖို့အခွင့်အရေးပေးခဲ့တဲ့အပြင် အခုတစ်ခါလည်း အသင်းကြီးရဲ့ ဂိုးသမားအနေနဲ့ နေရာပေးထားတာပါ” လို့ သူက ဆိုပါတယ်။

“အသင်းရဲ့ ကီးတစ်ခုအဖြစ် ကျွန်တော်ခံစားရပါတယ်။ အသင်းမှာလည်း ပျော်နေပါတယ်။ တခြားဘယ်နေရာမှာမှ ကိုယ့်ကိုယ်ကို ခံစားလို့မရသေးပါဘူး” လို့ ကော်တွားက ပြတ်ပြတ်သားသားပြောသွားခဲ့ပါတယ်။
အသက်၂၄နှစ်အရွယ်ကစားသမားနဲ့ ချယ်လ်ဆီးတို့ရဲ့ စာချုပ်ဟာ ၂၀၁၉ခုနှစ်ကျရင်ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းသဘောတူညီမှုမရသေးဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့် သူအနေနဲ့ စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

U Min Thant

#sport.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment