Powered by Blogger.

ရီးရဲလ်စတားနှစ်ယောက်ကို ဒီနွေမှာ ချယ်လ်ဆီး ခေါ်ယူခွင့်ရမည်


ချယ်လ်ဆီးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ Alvaro Morata နဲ့ James Rodriguez တို့ကို နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် အခွင့်အရေး ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။  Daily Mail ရဲ့ သတင်းအရ ရီးရဲလ်ဟာ ချယ်လ်ဆီးက အီဒင်ဟာဇက်နဲ့ သီဘောက်ကော်တွားတို့ကို ခေါ်ယူလိုနေတာဖြစ်ပြီး သူတို့နှစ်ယောက်အတွက် မိုရာတာနဲ့ ရိုဒရီဂွက်ဇ်တို့ဟာလည်း သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အလိုက်ပေးဖို့ အသင့်ရှိနေတာပါ။

သတင်းတွေဟာ ဇီဒန်းရဲ့ ဟာဇက်ကိုခေါ်ဖို့ သူ့ကို အပြည့်အဝထောက်ခံထားကြောင်း ပြောစကားနဲ့ ကေလာနာဗက်စ်နေရာမှာ အစားထိုးလိုနေတဲ့ ကော်တွားတို့သတင်းတွေကို ကိုးကားပြီး ထွက်လာတာပါ။ ရီးရဲလ်ဟာ ဒီကစားသမားနှစ်ယောက်လုံးအတွက် နွေအပြောင်းအရွှေ့မတိုင်မီ တစ်ဖက်လှည့်နဲ့စာချုပ်ချုပ်လိုနေတာဖြစ်ကြောင်းလည်း သိရပါတယ်။
မိုရာတာကို ကွန်တီကလည်း ပြီးခဲ့တဲ့ နွေရာသီကတည်းက အလိုရှိနေခဲ့တာဖြစ်ပေမယ့် ချယ်လ်ဆီးက မခေါ်ယူပေးနိုင်ခဲ့ပါဘူး။

စပိန်လက်ရွေးစင်ဟာ လာလီဂါမှာ ၉ပွဲသာပွဲထွက်ရသေးပြီး အခြား၁၀ပွဲအတွက် အရံအနေနဲ့သာ ကစားရသေးတာပါ။ ဂိုးအနေနဲ့တော့ ရှစ်ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
ရိုဒရီဂွက်ဇ်ဟာဆိုရင်လည်း ဒီရာသီမှာ ၇ပွဲပဲ ကစားရသေးတာကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြောင်းဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပါတယ်။

 U Min Thant

#sport.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment