Powered by Blogger.

အာဆင်နယ်ရဲ့ ၂၀၁၇/၁၈ရာသီမှာ ဝတ်ဆင်မယ့် ဝတ်စုံအတွက် ပုံတွေ ပေါက်ကြားလာ




အာဆင်နယ်ရဲ့ လာမယ့်ရာသီမှာ ဝတ်ဆင်မယ့်ဝတ်စုံလို့ ယူဆရတဲ့ ပုံတွေပေါက်ကြားလာခဲ့ပါတယ်။ ဂျာစီသစ်ကို ၂၀၁၇/၁၈ခုနှစ်မှာ ဝတ်ဆင်မယ့် ဂျာစီလို့ခေါင်းစဉ်နဲ့ Twitter စာမျက်နှာကနေ ထွက်ပေါ်လာခဲ့တာပါ။ ဝတ်စုံသစ်ဟာ ဒီနှစ်နဲ့ အနည်းငယ်ဆင်တူပေမယ့် အစင်းကြောင်းတွေတော့ ပါဝင်လာခဲ့ပါတယ်။

ဒုတိယမြောက်ဝတ်စုံကတော့ အပြာရောင်ဖြစ်ပြီး မြို့ခံပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အင်္ကျီနဲ့ အနည်းငယ်ဆင်တူပါတယ်။
ဒီဇိုင်းတွေကတော့ ရိုးရာအတိုင်း ဘယ်ဘက်ရင်အုံမှာ အသင်းလိုဂို၊ ညာဘက်မှာ ဝတ်စုံစပွန်ဆာ ပူးမားနဲ့ အလယ်မှာတော့ Fly Emirates ဆိုတဲ့ နာမည်ကိုရေးထိုးထားတာတွေ့ရမှာပါ။
အိမ်ကွင်းဝတ်စုံကို ပရိတ်သတ်တွေအနေနဲ့ ဒီနှစ်လိုပဲ အဖြူရောင်ခပ်များများနဲ့ မြင်တွေ့ရဖို့ရှိနေကြောင်းလည်း သိရပါတယ်။

U Min Thant

#sport.thithtoolwin.com

Ref: The Sun 
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment