Powered by Blogger.

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ ကစားနိုင်ကြောင်း ဂရစ်ဇ်မန်းဖွင့်ဟ


အက်သလက်တီကိုအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂရစ်ဇ်မန်းကတော့ သူ့ရဲ့လာမယ့်အနာဂတ်မှာ ရီးရဲလ်နဲ့ဘာကာ တစ်သင်းသင်းမှာ ကစားဖို့ ရာနှုန်းများလျက်ရှိနေပါတယ်။ အက်သလက်တီကိုအသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုရင်တော့ ဂရစ်ဇ်မန်းကို
လိုချင်လျက်ရှိနေတဲ့ အသင်းတွေကတော့ များပြားလျက်ရှိနေပါတယ်။

"ကျွန်တော့်ကို လာမယ့်အနာဂတ်မှာ ရီးရဲလ်နဲ့ဘာစီလိုနာအသင်းမှာကစားမှာလားလို့မေးလာရင် ၊ ဘာလို့မကစားနိုင်ရမှာလဲလို့ ဖြေမိမှာပါ" လို့ ဂရစ်ဇ်မန်းက L'Equipe နဲ့ အင်တာဗျူးမှာဖြေကြားခဲ့တာဖြစ်ပါတယ်။ "ဒါက ဟုတ်တာပဲ။ ကစားသမားတိုင်းရဲ့ အိပ်မက်ကတော့ ဒီအသင်းနှစ်သင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းပဲရှိပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီအသင်းထဲက ဘယ်အသင်းမှန်းတော့မသိသေးပါဘူး။

တစ်ခြားအသင်းတစ်သင်းလည်းဖြစ်ရင်ဖြစ်မှာပါ။ လောလောဆယ်တော့ အက်သလက်တီကိုမှာ ပျော်နေပါတယ်" လို့ ဂရစ်ဇ်မန်းကထပ်မံပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဂရစ်ဇ်မန်းဟာ အက်သလက်ကနေ ထွက်ခွာဖို့အကြောင်းရင်းကို မတွေ့သေးဘဲ ပီအက်စ်ဂျီအသင်းအတွက်လည်း ဒီနေရာကို စွန့်ခွာမှာမဟုတ်သလို ၊ တရုတ်စူပါလိဂ် ၊ မေဂျာလိဂ် ၊ရုရှားလိဂ်နဲ့ တစ်ခြားဘယ်နေရာမှာမှ ကစားဖို့အတွက် အကြောင်းရှာမတွေ့ေ သးဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူ့အနာဂတ်ဟာ အက်သလက်တီကိုအသင်းရဲ့ လက်ရှိနည်းပြ ဆီမြွန်နီပေါ်မှာလည်း မူတည်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ဆီမြွန်နီထွက်ခွာသွားလည်း သူလိုက်ထွက်မှာတော့မဟုတ်ပဲ အသင်းဆီက ထွက်ခွာလိုတဲ့စိတ်ရှိလာမှ ထွက်သွားမယ်လို့ ဂရစ်ဇ်မန်းက
ဆိုပါတယ်။ နည်းပြ ဆီမြွန်နီကတော့ မကြာသေးခင်ကမှ အက်သလက်တီကိုအသင်းနဲ့ စာချုပ်ကို ၂ နှစ်ပြန်လည်လျှော့ချခဲ့ပြီး အသင်းရဲ့ အဓိကတိုက်စစ်မှူး ဂရစ်ဇ်မန်းအနေနဲ့ လာမယ့်၂ နှစ်အတွင်းမှာ အသင်းပြောင်းဖွယ်ရှိနေတယ်လို့ မီဒီယာတွေက ရေးသားနေတာပါ။

ဂရစ်ဇ်မန်းကိုတော့ မန်ယူအသင်းက အဓိကမျက်စိကျလျက်ရှိနေပြီး ဂရစ်ဇ်မန်းကတော့ စပိန်ဘီလူးနှစ်သင်းဆီမှာသာ ကစားဖို့ ပိုပြီး စိတ်အားထက်သန်နေပုံပါပဲ။

Mocha

#sports.thithtoolwin.com

Ref : ESPN
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment