Powered by Blogger.

ဆန်းချက်ဇ်နဲ့ဟာဇက်တို့က အကောင်းဆုံးကစားသမားတွေဖြစ်ကြောင်းမန်ယူနောက်ခံလူဒေမီယန်ဆို



မန်ယူအသင်းနောက်ခံလူ မတ်တီယိုဒေမီယန်က အာဆင်နယ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်နဲ့ ချယ်လ်ဆီးရဲ့ ဟာဇက်တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထိန်းချုပ်ရ အခက်ဆုံးကစားသမားတွေ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒေမီယန်ဟာ လူးဝစ်ဗန်ဟားလက်ထက်မှာ မန်ယူအတွက် ၃၉ပွဲအထိ ကစားခဲ့ရပေမယ့် မော်ရင်ဟိုကိုင်တွယ်ပြီးနောက်မှာတော့ မိနစ်အနည်းငယ်သာ ကစားခဲ့ရသေးတာပါ။


ဟာဇက်နဲ့ ဆန်းချက်ဇ်တို့ဟာ မိခင်ကလပ်တွေအတွက် အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကစားနိုင်နေတဲ့ ကစားသမားတွေဖြစ်ပြီး ချယ်လ်ဆီးကစားသမားဟာဆိုရင် PFA တစ်နှစ်တာအကောင်းဆုံးဆုရဖို့အထိ ရေပန်းစားနေခဲ့တာပါ။

“အရမ်းကောင်းတဲ့ ကစားသမားတွေအများကြီးပါပဲ။ ကျွန်တော်တို့အသင်းမှာလည်း အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော်တစ်ဦး တစ်ယောက်ကို ရွေးချယ်ပါဆိုရင်တော့ အီဒင်ဟာဇက်နဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့ကို ရွေးမိမှာပါ” လို့ အီတာလျံနောက်ခံလူက ဆိုခဲ့တာပါ။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment