Powered by Blogger.

ကမ္ဘာ့ဖလားအတွက် တစ်ပတ်ကို ဒေါ်လာသန်း ၅၀၀ အကုန်ကျခံပြင်ဆင်နေတဲ့ ကာတာ


၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိမယ့် ကာတာနိုင်ငံကတော့ သူတို့ရဲ့ အားကစားကွင်းတည်ဆောက်မှုနဲ့ တစ်ခြားသော ဝန်ဆောင်မှုတွေအတွက် တစ်ပတ်ကို ဒေါ်လာသန်း ၅၀၀ အထိ အကုန်ကျခံပြီး ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အံ့သြစရာကောင်းတဲ့ ဘတ်ဂျက်ကို အသုံးပြုပြီး အခုလိုပြင်ဆင်နေတာပါလို့ ပြောရေးဆိုခွင့်ရှိသူ အလီရှာရီဖ်အယ်လ်အမ်မာဒီကပြောပါတယ်။

“ကျွန်တော်တို့ရဲ့ အသုံးစရိတ်က တစ်ပတ်ကို ဒေါ်လာသန်း ၅၀၀ လောက်ရှိနေတယ်။ တစ်ပတ်ကို ဒီအတိုင်းသုံးသွားပြီး နောက်ထပ်လေးနှစ်အထိ ဒီအတိုင်းဆက်သွားမှာပါ။ ၂၀၂၂ ခုနှစ်မှာ အကောင်းဆုံးဖြစ်နေမယ် ၊ အဆင်သင့်ဖြစ်နေမှာပါ” လို့ ပြောကြားသွားတာပါ။

ရေနံသူဌေးနိုင်ငံကတော့ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ဒေါ်လာ ဘီလျံ ၂၀၀ အထိ သုံးစွဲသွားဖို့ အဆင်သင့်ဖြစ်နေပြီး သူတို့ရဲ့ ပရောဂျက်တွေဟာ အားကစားကွင်းတွေသာမကပဲ ဆေးရုံသစ်တွေ ၊ လေဆိပ်သစ်တွေနဲ့ လမ်းသစ်တွေကို တည်ဆောက်ဖို့ရှိနေတာကြောင့် အခုလိုပဲ ငွေကြေးကုန်ကျမှုများပြားနေတာပါ။ ဒါ့အပြင် ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကုန်ကျစရိတ်ရဲ့ ၉၀ ရာနှုန်းအထိ ပေးချေပြီးဖြစ်တယ်လို့ အမ်မာဒီက ပြောပါတယ်။


ကျွန်တော်တို့ နိုင်ငံကို လာတဲ့သူတွေအားလုံးကို တစ်ခြားကမ္ဘာရောက်သွားသလို ခံစားသွားစေရပါလိမ့်မယ်လို့လည်း ထပ်လောင်းပြောသွားပါတယ်။ ကာတာကမ္ဘာ့ဖလားကတော့ ကုန်ကျစရိတ်အများဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုဖြစ်လာမှာဖြစ်ပြီး အားကစားကွင်းဒီဇိုင်းတွေကလည်း ရင်သပ်ရှုမောဖွယ် ဖြစ်လာမယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာရဲ့ အကြီးမားဆုံးပြိုင်ပွဲကို ပထမဆုံးကျင်းပခွင့်ရတဲ့ ကာတာနိုင်ငံကတော့ သူတို့အနေနဲ့ ပြိုင်ပွဲကျင်းပခွင့်ရရေးအတွက် FIFA ကို လာဘ်ထိုးခဲ့တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါသေးတယ်။ နိုင်ငံတကာကတော့ အရမ်းကို ပူပြင်းတဲ့ ရာသီဥတုကြောင့် ဒီလိုနေရာမှာ မကျင်းပသင့်ဘူးလို့ ဝေဖန်ခဲ့ကြပြီး ကာတာနိုင်ငံကတော့ ဝေဖန်သံတွေ တိတ်ဆိတ်သွားအောင် အကောင်းဆုံးပြင်ဆင်မှုတွေကို ငွေလမ်းခင်းပြီး မွမ်းမံလျက်ရှိနေပါတယ်။


( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Guardian



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment